သူများကြောင့် နာကျင်စရာတွေဖြစ် ခဲ့ရင် ကိုယ့်ကိုယ်ကို ပိုနာကျင်အောင် အရွဲ့တိုက်ခဲ့ဖူးတယ် ဆိုတဲ့ ဖွေးဖွေး

သူများကြောင့် နာကျင်စရာတွေဖြစ် ခဲ့ရင် ကိုယ့်ကိုယ်ကို ပိုနာကျင်အောင် အရွဲ့တိုက်ခဲ့ဖူးတယ် ဆိုတဲ့ ဖွေးဖွေး

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကိုတော့ ပရိသတ်ကြီး သိပြီးသား ဖြစ်မယ်ထင်ပါတယ်။ သူမကတော့ ကျရာဇာတ်ရုပ်တိုင်းကို ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး အကောင်းဆုံးအကယ်ဒမီဆု (၃)ဆုကို ထိုက်ထိုက်တန်တန်နဲ့ သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေအပေါ်မှာ လည်း ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတတ်သူတစ်ယောက်ဖြစ်သလို

သူမကိုယ်တိုင်ကလည်း ပျော်ပျော်ရွှင်ရွှင်လေးနဲ့ နေထိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်က သူများကြောင့် နာကျင်စရာတွေဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ပိုနာကျင်အောင် အရွဲ့တိုက်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်းကို ဖွေးဖွေးက ဒီနေ့မှာတော့ ပရိသတ်တွေကိုရင်ဖွင့်ပြောပြခဲ့ပါတယ်။ အဲဒီအကြောင်းလေးကိုတော့ ဖွေးဖွေးက”သူများကြောင့် နာကျင်စရာတွေ ဖြစ် ခဲ့ရင် …ကိုယ့်ကိုယ် ကို ပိုနာစေခဲ့အောင် အရွဲ့တိုက်ခဲ့ဖူးတဲ့ သူမ…တယောက်…

ခုတော့လည်း…အေး…ချမ်း…လို့…အေး…မြ…This is my Innerpeace-Appreciation Post On to better days….my darlings…ကြင်နာ လိုက်ပါပြီ…ကိုယ့်ကိုယ်ကို…#ဖွေးဖွေး #BurmeseActressPP” ဆိုကာ သူမရဲ့လူမှုကွန်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်….

Source:Phway Phway

Add a Comment

Your email address will not be published. Required fields are marked *

15 + eighteen =