အပျိုကြီးမမလို့ အားလုံးက ချစ်စနိုးစနောက်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချော အေးမြတ်သူ ကတော့ သရုပ်ဆောင် ကောင်းသလို ချစ်စရာ ကောင်းလွန်းသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ် ။
ဟန်ဆောင်မှုတွေကင်းပြီး စကားပြောပွင့်လင်းကာ ပါးချိုင့် အပြုံးလှလှလေးတွေနဲ့လည်း မြင်သူတိုင်းကို သဘောကျစေသလို ဆွဲဆောင်မှု ရှိကာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ် ။
အခုလည်း ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့ လူငယ်လေး တစ်ယောက်လို ချစ်စရာ အရမ်းကောင်းတဲ့ ပုံလေးတွေကို ဝေမျှ လာပါတယ် ။ ပုံတိုင်းမှာ အေးမြတ်သူ တစ်ယောက် နုပျိုပြီး ဘယ်နှစ်ခါ ကြည့်ကြည့် မရိုးနိုင်လောက်အောင် လှရက်လွန်းနေလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Celechannel
zawgyi
Celechannel