ကိုဗစ် နဲ့ ပတ် သက်ပြီး မြန် မာတွေ ယုံနေ ကြ တဲ့ အယူ အ ဆမှား (၃) ခု

ကို ဗစ်နဲ့ ပတ်သက်ပြီး မြန်မာတွေ ယုံနေကြ တဲ့ အယူအဆမှား (၃) ခုနဲ့ ရုတ်တရက် လူနာအရေအတွက် များလာတဲ့ အကြောင်းရင်း

ရခိုင်မှာ မောင်တောက နေ ဘူးသီးတောင်၊ ရန်ကုန် မှာ Epicenter က အင်းစိန်ကနေ မြို့ထဲ ၆ မြို့ နယ် ရွေ့လာပြီ။ ဝန်ကြီး စိတ်ပူသလို ကိုယ်လည်းစိတ် ပူတယ်။ စင်္ကာပူက ပြန်သွားတဲ့ အမေက ၇၀ နားနီး မြို့ထဲက အဖိုးအဖွားတွေက ၉၀ ကျော်တွေ

ဒီအနေအထားမှာ ဘာလုပ်ရမလဲဆရာ ? လက်ရှိ မြန်မာ့အနေအထား နဲ့ ဆို Take home message ကတော့ ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ်။ မလိုအပ်ရင် အပြင်မထွက်ပါနဲ့။ မထွက်မနေ ထွက်ရရင် ဘယ်သူမှ နှာခေါင်းစည်း မတပ်လည်း(အရူးအထင်ခံပြီး) ကိုယ့်ဟာကိုယ်တပ်ပါ။

လက်ကတော့ အပြင်က ပြန်လာတိုင်းဆေး အစာမစားခင်ဆေး၊ အိမ်သာ တက်ပြီး တိုင်းဆေး၊ တခါ ဆေးရင် စက္ကန့် ၂၀ ကြာဆေးပါ၊ လူစုလူဝေး မရှောင် နိုင်ရင် ၆ပေခွာကနေပါ၊ အဲဒါတွေ လုပ်ရင် ကိုဗစ် ရော ရာသီတုပ်ကွေးပါ ကာကွယ်နိုင်ပါမယ်။

ရာသီတုပ်ကွေးမှာ လည်း ကာကွယ်ဆေးက အဖြေ မဟုတ်ပါဘူး တုပ်ကွေး ရောဂါမှန်း စောစော သိပြီး ဆက်မပျံ့ အောင် ထိန်းနိုင်တာက အဖြေ ပါ တုပ်ကွေး မျိုးစိတ်ပေါင်းမြောက်များစွာရှိတဲ့အတွက် ၂၀၂၀အတွက် ၄မျိုးစပ် ထိုးပြီး ကာကွယ်ပေမဲ့ ရာနှုန်း ၄၀ က နေ ၆၀ အထိပဲကာကွယ်ပေးနိုင်ပါတယ်

ကိုဗစ် နဲ့ ရာသီတုပ်ကွေး ၂ ခုပေါင်းရင် ကိုယ်ကျိုးနည်းမှာလား ဆရာ? ကိုဗစ် ကူးစက်နှုန်းက R 3 ပါ လူ တယောက် ကနေ ၃ ယောက် ကိုကူးနိုင်ပါတယ်။ ရာသီတုပ်ကွေး ကူးစက်နှုန်းက R 1.2 ပါ လူတယောက်ကနေ နောက် တယောက်ကျော်ကူး နိုင်ပါတယ်။ R တန်ဖိုး လျှော့ချ တဲ့ နေရာ မှာ အထိရောက်ဆုံးက လော့ဒေါင်း ဒါပေမဲ့ ရေရှည် ဆို ထမင်းငတ်ပါတယ်

ဒီတော့ တခြား New Normal Life အနေနဲ့ လူစုလူဝေး ရှောင်၊ လူကြီးတွေ နဲ့ နီးကပ်စွာ ထိတွေ့တာရှောင်၊ ကျောင်းတွေက လိုအပ်ရင် ဖွင့်ရက် ရွေ့ (သို့) ခေတ္တ ပြန်ပိတ် သို့ တပတ်ခြား အလှည့်ကျ တက်၊ Social distancing ဆိုတဲ့ လူတွေ နဲ့ ၆ပေအကွာမှာနေ အဓိက လူလူချင်း နီးစပ်တာကို လျော့ချရင် R တန်ဖိုးက ၃ချိုး တချိုးထိ ဆင်းသွားပါတယ်

ဒီတော့ အစိုးရိမ်မလွန်ပါနဲ့ ကိုဗစ်ရော ရာသီတုပ်ကွေးရောက တချက်ခုတ် ၂ချက်ပြတ် တခါတည်း ရှောင်လို့ရပါတယ်။ အဓိက ပြောချင်တာ လာပါပြီ မြန်မာတွေ ယူဆတဲ့ အမှား ၃ခု ရှိပါတယ် အရင်ကတည်းက ပြောချင်ပေမဲ့ သက်သေ မရှိတော့ မပြောသေးတာပါ။

(၁) က ကိုဗစ် က ပူတာ ကြောက်တယ် အမှန် ကိုဗစ်က ဘာမှ မကြောက်ပါဘူး နှင်းဖုံးနေတဲ့ နီပေါ ဘူတန်ကနေ သဲကန္တာရ အထိ အကုန်သွားပါတယ် သူ့ရဲ့ RNA ဆိုဒ် ကြီး လို့ အရင် သူ့အဖေ ဆားစ် CoV ဗားရှင်း ၁ ထက် ဒူပေ ဒဏ်ပေခံ နိုင်တယ်လို့ ယူဆကြတယ် သူက ရာသီဥတု မရွေးပါဘူး အခု ဆို အီရန် မှာ ဒုတိယ လှိုင်း စနေပါပြီ အီရန် အပူချိန်က ညချိန် ရာသီဥတုတောင် ရန်ကုန်ထက်ပူပါတယ်။ ဒုတိယလှိုင်းရိုက်ချက်က ပထမ လှိုင်းထက်ပိုပြင်းပါတယ်

(၂) က တချို့က မြန်မာက ကိုဗစ် အလွန် ဖြစ်သွားပြီလို့ထင်နေကြတယ် ဝန်ကြီး တချို့တောင်ပါသေး ကြည့် ရတာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းတွေ မဖတ်ဘူးထင်ပါရဲ့ ( အတည့်ဝေဖန်ရရင် သတိပေးချက်တွေကို ကိုယ်သာ ပြူးပြဲဖတ်နေတာ သာမန်လူအတွက် ဆွဲဆောင်မှု မရှိ စာသားတွေကပြွတ်သိပ် သိပ်မပြောရဲဘူး မြန်မာ့ဖေ့ဘုတ်လည်းကြောက်ရသေး)

တကယ် ပြောရမယ်ဆို မြန်မာက လှိုင်း မရှိဘူး ပြောလို့ရသလို လှိုင်းလေးတွေ ပုတ်နေတာ ၄ကြိမ် ရှိပြီလို့ ပြောလို့ရတယ်။ ပြဿနာ က မြန်မာ့ အနောက်ဘက်က အိန္ဒိယ နဲ့ ဘင်္ဂလား မှာ ပထမ လှိုင်း အရှိန် ကောင်းနေတာ စိုးရိမ်ရပါတယ်။ မောင်တော ကေစ့်တွေဆို စခန်းထဲက တွေ့တာမျိုးပါ အင်မတန် ထိန်းချုပ်ရ ခက်တဲ့အနေအထားပါ။ အိန္ဒိယကေစ့်တွေကတော့ ရန်ကုန်မြို့လည်ကို စီးထားပါပြီ။ တော်သေးတယ် ထိုင်းပြန် တရုတ်ပြန် တွေ အများကြီးမတွေ့ရသေးလို့

(၃) က တချို့က မြန်မာတွေ ကိုဗစ် Herd immunity ရနေပြီလို့ထင်ကြတယ်။ အဝေးကြီး လိုပါသေးတယ် R 3 ဖြစ်တဲ့အတွက် လူဦးရေ ရဲ့ ၆၇ ရာနှုန်း အထိ ကူးပြီးရင်တော့ အလိုအလျောက် ရပ်သွားမှာပါ။

လတ်လတ်ဆတ်ဆတ် Antibody လုပ်ထားတဲ့သုတေသန စာစောင်တွေ မှာ အကြီး အကျယ် ဖြစ်ခဲ့တဲ့ တရုတ် ရဲ့ Ig M Ig G seroprevalence က ၃ ရာနှုန်းအောက်ပဲရှိပြီး ပြင်သစ် က ၄ ရာနှုန်းပဲ ရှိပါတယ်။ အဓိက မကူးအောင်က social distancing နဲ့ ထိန်းထားတာပါ။ ပြင်သစ်ကတော့ ကျောင်းတွေ ဖွင့်ပြီး ကူးစက်မှုတွေချက်ချင်းပြန်တက်လို့ ပြန်ပိတ်လိုက်ရပါတယ် စင်္ကာပူလည်း ထိုနည်းလည်းကောင်းပါပဲ circuit breaker ဖွင့်လိုက်တာနဲ့ ကေစ့်တွေက ပြန်တက်လာတာပါပဲ

ကိုဗစ် ကာကွယ်တားဆီးရေးတွေ အသိပညာပေးတွေ ကို ဥပဒေတွေ နဲ့ ပြင်းပြင်းထန်ထန် လုပ်ရင် ကေစ့်တွေ နည်းမယ်။ လုပ်တာ လျော့တိလျော့ရဲ ဖြစ်လာရင် ကေစ့်တွေ များမယ်။ယနေ့ တွေ့တဲ့ ကေစ့်တွေ ဘာကြောင့်ဖြစ်လဲ? အဖြေက လွန်ခဲ့တဲ့ ၂ပတ်ခန့်မှာ social distancing တွေ နှာခေါင်းစည်းတွေ လက်ဆေးတာတွေ သေချာ မလိုက်နာခဲ့လို့ပါ

(စကားမစပ် ဝင်မကြည့်တာကြာတဲ့ ဖေ့ဘုတ် ဆရာဝန်သီးသန့် ဗမာဆရာဝန်အုပ်စုမှာ ကိုယ်ရေးတာတွေ ကို SS ရိုက်ပြီးဖောင်းထုနေတဲ့ အကောင့်တွေ ရှိနေတာ တွေ့ရတယ် ကြာတော့ကြာပါပြီ
သူတို့ထင်တာ ကိုယ်ရေးတာပိုလွန်းတယ် ထင်ကြတယ်။

ထိုင်းက ကာကွယ်ရေး လုပ်ငန်းတွေ ပစ္စည်း စုတာတွေရေးတော့ ထိုင်းကို အရမ်းအထင်ကြီးတယ် မြန်မာကို နှိမ်တယ်ပေါ့ ဒီအချိန် မှာတော့ ပြန်ရှင်းမနေတော့ပါဘူး။ အချိန်တွေ ဟာ ပြောပြသွားမှာ ပါ မင်း ကို သိပ်ချစ်ခဲ့တယ် ဆိုတဲ့ သီချင်းပဲ ဆိုပြလိုက်တော့မယ် ဤကားစကားချပ်)

ဟို NHS က ဘိုလို လှမ်းရေးပြီး ခင်ဗျား အပိုတွေ မရေးနဲ့ ကိုဗစ် က တုပ်ကွေး နဲ့ စာရင်ပါးပါးလေး လူတွေ ကြောက်အောင်ဖြဲ ခြောက်နေတယ်ဆိုတဲ့ ဆရာဝန်လေးရော ကျန်းမာရဲ့လား မသိဘူး အခုတော့ တကမ္ဘာလုံး ကူးစက်တာ ၇သန်း နီးပါး ဖြစ်လာပြီး သူနေတဲ့ ဗြိတိန်က ဥရောပမှာ ကိုဗစ် သရဖူ ဆောင်းထားတယ်။

ကိုယ်နေတဲ့ ထိုင်းက လူနာ ၃ထောင်ကျော်မှာ ထိန်းနိုင်သွားပြီး ဒီနေ့ဆို local ကူးစက်မှု မရှိတာ ၁၄ ရက် ဖြစ်လာပြီး Old normal ပြန်မဖြစ်အောင် အစိုးရက တချိန်လုံးပြောနေရတယ်။ လူ့သမိုင်းမှာ အဆိုးရွားဆုံး ၁၉၁၈ စပိန်ဖလူ က လူ သန်း ၅၀ အထိ ကူးစက်တယ် ပြီးဆုံးချိန် ၂ နှစ်ကျော် ကြာတယ် အမေရိကန် တနိုင်ငံထဲ လူ ၆ သိန်းကျော်သေတယ်

နောက်ဆုံးပြောချင်တာ အတ္တာဟိ အတ္တနော နာထော ပဲ။ အကောင်းဆုံး မျော်လင့်ထားပြီး အဆိုးဆုံး အတွက် ပြင်ဆင်ရတော့မယ် ကိုဗစ်နဲ့ ၂၀၂၁ နှစ်သစ်ကူးကို ကူးရတော့ မယ် အဲဒါကတော့ ကျိန်းသေတယ်။ အချိန်ရရင် ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ပါ ရေးအုံးမယ်။

ဒေါက်တာ ဉာဏ် ဘန်ကောက်
၁၂ ဇွန် ၂၀၂၀

Add a Comment

Your email address will not be published. Required fields are marked *

nine + 7 =