ကိုဗစ် ကို အောင်နိုင် သွားတဲ့ နိုင်ငံတွေ နဲ့ အဆိုး အကောင်း ကို သင်ခ န်းစာ ယူရမယ့် မြန်မာပြည်

ကိုဗစ် ကို အောင်နိုင် သွားတဲ့ နိုင်ငံတွေ နဲ့ အဆိုး အကောင်း ကို သင်ခ န်းစာ ယူရမယ့် မြန်မာပြည်

ရွှေပြည်ကြီး မှာ နောက်ထပ် ဗိုင်းရပ်စ်ပိုး အသစ်တွေ့ သူတွေ တရက်တည်း ဆယ်ဂဏန်းအထက် ထပ်တက် လာလို့ စိတ်ညစ်နေလား။ ကိုဗစ်နဲ့ ပတ်သက်တဲ့ စိတ်ချမ်းသာစရာ အချက်တချို့ကို ပြောပြမယ်။

ပေါ့စ်တစ်လူနာ လက်ကျန် မရှိတော့လို့ ကိုဗစ် ကင်းစင် သွားတဲ့ နိုင်ငံတွေ မနည်းတော့ဘူး။ တချို့နိုင်ငံတွေမှာ အဖိတ်အစင် တချို့ ရှိခဲ့ပြီးတော့ ကျန်သူတွေ အားလုံး ပြန်လည် သက်သာလာတာ ဖြစ်ပြီး တချို့ကတော့ ကူးစက်ခံရသူ အားလုံး ပြန်လည် ကျန်းမာလာကြတာတွေပါ။

အဲဒီ နိုင်ငံတွေကတော့…။ နယူးဇီလန်၊ မွန်တီနီဂရိုး၊ ဖာရိုးကျွန်းစု၊ ထရီနီဒက်အင် တိုဗေးကိုး၊ မကာအို၊ အရှေ့တီမော၊ လာအို၊ ဗာတီကန်၊ ပါပူဝါနယူးဂီနီ၊ ဖီဂျီ အဲဒီအပြင် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဂွာဒီလုပ်၊ ဗီယက်နမ်၊ မော်ရစ်ရှပ်၊ ထိုင်ဝမ်၊ ခရိုအေးရှား၊ ထိုင်း၊ ဘာဘေဒို၊ အီရီထရီးယား၊ ဂရီနေဒါ နိုင်ငံတွေမှာ ဆိုရင်လည်း ပေါ့စ်တစ် လက်ကျန်လူနာ တယောက်စ နှစ်ယောက် စသာ ကျန်တော့တယ်။ ပြီးတော့ ပေါ့စ်တစ်လူနာ ဆက်တိုးနေတာ တော်တော်ကို တန့်သွားတဲ့ နိုင်ငံတွေလည်း မနည်းတော့ဘူး။

အဲဒီနိုင်ငံတွေထဲမှာ နိုင်ငံသေးပြီး လူဦးရေနည်းတဲ့ နိုင်ငံတွေ ပါသလို နိုင်ငံကျယ်ပြီး လူဦးရေ မနည်းလှတဲ့ နိုင်ငံတွေလည်း ပါတာ တွေ့လိမ့်မယ်။ သို့သော် သေချာတာကတော့ အဲဒီနိုင်ငံတွေ အားလုံးဟာ ဒီရောဂါကို တစက်ကလေးမှ မပေါ့ဆဘဲ အလေးအနက်ထားပြီး သတိပြုကိုင်တွယ်ခဲ့ကြတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တဲ့ နေရာမှာ အစိုးရတွေရဲ့ ကိုင်တွယ် ပုံတင်သာမက သူတို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ စည်းကမ်းလိုက်နာမှု ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို အခြေအနေကောင်းလာတဲ့ နိုင်ငံတွေကိုရော၊ အခြေအနေ ဆိုးနေဆဲ နိုင်ငံတွေဆီကနေပါ ကျွန်တော် တို့ သင်ခန်းစာ ယူရမယ် မဟုတ်လား။

Shwedagon Pagoda in Yangon, Myanmar.

မြန်မာနိုင်ငံဟာ အခုထိ အခြေအနေ ကောင်းနေဆဲ လို့ မြင်ပါတယ်။ ပေါ့ဆပစ်လိုက်လို့တော့ မဖြစ်သေးဘူး။ အရင် အခြေအနေတွေ ပြန်ရဖို့ ဘာတွေလုပ်ရင် ဖြစ်နိုင်တယ်၊ ပေါ့ဆရင် ဘာဖြစ်မယ် ဆိုတာကို ပြတဲ့ နိုင်ငံတွေက ပြပြီးပြီလေ။

ချစ်ခြင်း‌မေတ္တာဖြင့်
ကလိုစေးထူး
ဇွန်လ ၁၁ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *

18 − three =