မိန်းကလေး တွေ မကြိုက် တဲ့ အမှန် တရား နည်းနည်းတော့ ခါးမယ် ဖတ် ကြည့်
|မိန်းကလေး တွေ မကြိုက် တဲ့ အမှန် တရား နည်းနည်းတော့ ခါးမယ် ဖတ် ကြည့်
ယောင်္ကျားတွေ တော်တော်များများက အများ ပျော်အောင် Facebook မှာဖြစ်ဖြစ် အပြင်မှာ သူငယ်ချင်း ဆုံရင်ဖြစ်ဖြစ်
လုလုအောင်ဟေ့ !!! မအေးသောင်းဟေ့ !!! စသဖြင့် ရီစရာတွေ ရေးတင် ဟာသတွေလုပ်ပြီး Troll နေကြတာ …။
တကယ့်အပြင်လောကမှာတော့ လုလုအောင် မအေးသောင်း ဆိုရင် ဘယ်ကောင် မှ ဘာမှကို မခံစားရတာဗျ ….။
(တကယ်ပြောတာ ဘာမှကို မခံစားရပါ) ဒါ ကိုယ့်ဟာကိုယ် ဂုဏ်တင် ပြောနေတာ မဟုတ်ပါဘူး …။
ယောက်ကျားအများစု( အများစု )ရဲ့ ခံယူချက် စိတ်နေသဘောထားကို ပြောပြတာ။ ကျားသဘာဝ တို့ Men’s Behaviour တို့ ယောက်ကျားစရိုက်တို့ကြောင့်ဘဲဗျ …။
ဝတ်မှုံရွှေရည် ဘယ်လိုလှလှ ၊ ခင်သန်းနု ဘယ်လို လှခဲ့လှခဲ့ ၊ မို့မို့မြင့်အောင် ဘာဖြစ်ဖြစ်
သူတို့နဲ့ နီးနီးစပ်စပ် တချို့တလေကလွဲပြီး ဘယ်ပြင်ပ ယောက်ကျားမှ သူတို့ကို အရူးအမူး ဖြစ်မနေဘူးဗျ…ဟော !!!
မိန်းမတွေကျတော့ တမျိုး ၊ ဟိုးးးးး ရွှေမန်းတင်မောင်ခေတ် ရွှေမန်းတင်မောင်ကြီးကို ကြိုက်ကြလွန်းလို့ ရွှေဘီးတွေ ဆုချသူနဲ့
စိန်ရင်ထိုးကြီး ပေးရတာနဲ့ နောက်ဆုံး ဘာမှမပေးနိုင် သူက ဇာတ်စင်ပေါ်တက် ဖက်နမ်းသူက ရှိခဲ့ဖူးသေးတာ …။
ဒီကြားထဲ တောဖက်က မိန်းမတယောက်က ရွှေမန်းတင်မောင်ကြီး ကို အပြင်မှတွေ့တော့စိတ်တွေ ထိန်းမနိုင်တော့ဘဲ ငိုယိုပြီး
ရွှေမန်းတင်မောင် ဂွေးကျိ ပြေးညှစ်လေသတဲ့။ကြားဖူးတာ ပြောပါတယ်။မြင်တော့ မမြင်ဖူးဘူး သူ့ကို မီမှမမီလိုက်တာ …။
ကျနော်က ခုမှ ၂၂ ကျော်ရုံလေး ရှိသေးတာ….ဒီလိုဘဲ ရွှေဘခေတ် ဝင်းဦးခေတ် ၊ ကျော်ဟိန်းခေတ် ၊ပြေငြိမ်းခေတ် ၊
ဒွေးခေတ် လူမင်းခေတ် စိုင်းစိုင်းခေတ် ရွှေထူးခေတ် စုံရောဘဲ။သူတို့ မိန်းခလေးတွေဖက်ကချည်း ဇွတ်တွေ ကြိုက်နေကြတာ …။
ကြိုက်လိုက်ကြတာ ကြိုက်လိုက်ကြတာ ဝင်းဦးသေလည်း ငို ပြေငြိမ်းသေလည်းငို ဒွေးသေလည်းငို
အို ငိုလို့ကို မပြီးနိုင်တော့ဘူး။တနေ့ကတောင် ဒွေးသေတာ (၁၁) နှစ် ဆိုပြီး လုပ်လိုက်ကြသေးတယ် …။
ဘယ်ယောက်ကျားမှ ကြည်ကြည်ဌေး အလွမ်းပြေ ထမလုပ်ကြဘူးးးးးးးးး ဘယ်ယောက်ကျားမှ ခင်ယုမေသေလို့ ငိုမှာ မဟုတ်ဘူး …။
ဘယ်ယောက်ကျားမှ လုလုအောင်သေလို၊ သင်ဇာသေလို့ ငိုမှာမဟုတ်ဘူးဗျ။
အားလုံးပုံမှန်ပဲ အခုကြည့်လေ အဲ့ဒါတွေကြောင့် ယွကျားတွေ ထက်မိန်းမတွေ ဗူးပိုသန်တယ်ဆိုတာ ပြတာပဲ…အမှန်တရားက ခါးတော့ခါးတယ် …။
ရယ်စေမောစေစတာနော်…..ဟီးးးးးးး