အလုံမြို့နယ်နေ အတည်ပြု လူနာ အမှတ် (၁၈၁) မှာ အမေများနေ့ တွင် အင်တာဗျူး လုပ်ရင်း ရောဂါ ကူးစက် ခံရခြင်းဖြစ်ဟု သိရ




crd : panpyoelat

unicode

မေလ (၁၃) ရက်နေ့က အတည်ပြု လူနာ အမှတ် (၁၈၁) ဖြစ်ခဲ့တဲ့ အလုံမြို့ နယ်နေ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးမှာ လူနာအမှတ် (၁၇၉) နဲ့ ထိတွေ့မှုရှိသူလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖော်ပြထားခဲ့တာပါ။

ဆက်စပ် သတင်းများအရ အဲဒီ လူနာအမှတ် (၁၈၁) ဟာ မေလ (၅) ရက်နေ့က အမေများနေ့မှာ အင်တာဗျူးသွား လုပ်ခဲ့ရင်း လူနာအမှတ် (၁၇၉) နဲ့ ထိတွေ့ခဲ့ကာ ကူးစက်ခြင်းဖြစ်တယ် လို့ သိရပါတယ်။

အခုအခါ အတည်ပြုလူနာအမှတ် (၁၈၁) နေထိုင်ခဲ့တဲ့ အလုံမြို့နယ်၊ ဧရာဝတီလမ်းကို Lockdown ချထားခဲ့ပြီး ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။

crd : panpyoelat