ရွှေဝါရောင် တဖိတ်ဖိတ်တောက်ပနေ တဲ့ ကိုယ်ကျပ်ဝတ်စုံလေး နဲ့ လိုက်ဖက်နေပြီး ဆွဲဆောင်မှု ရှိရှိ ချစ်စရာကောင်းနေ တဲ့ မအေးသောင်း

မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ အနုပညာ အလုပ်တွေကို ဆယ်စုနီးပါးမက လုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အေးဝတ်ရည်သောင်းကို ချစ်တဲ့ပရိသတ်တွေက ချစ်စနိုးနဲ့ မအေးသောင်းလို့လည်း ခေါ်နေကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက အသက်အရွယ်ရလာပေမဲ့ ယနေ့အချိန်ထိ ဆယ်ကျော်သက်လေး တစ်ယောက်လို ငယ်ရွယ်နုပျိုနေပြီး ချောမောလှပနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ အေးဝတ်ရည်သောင်းဟာ မြင်သူတိုင်းအသည်းတယားယားဖြစ်သွားရလောက်မယ့် အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ အလန်းစားကိုယ်ကျပ် ဝတ်စုံလေး နဲ့ လိုက်ဖက်ပြီးလှပချောမောနေတာ တွေ့ရပါတယ်။

ဒီပုံလေးတွေနဲ့လည်း အေးဝတ်ရည်သောင်း က ” ယောကျာ်းလေးတွေက ကိုယ်နဲ့ ကြိုက်ခါစတုန်းကဆို အချိန်တွေ အားနေတတ်တာနော်….ကြိုက်ပြီးလို့အချိန်နဲနဲကြာလာတော့ အလုပ်တွေရှုပ်လာလိုက်ကြတာ အိုဘားမားတို့ ထရန့်တို့ထက်တောင် သူတို့ဖုန်းတွေ မီတင်တွေကပို အလုပ်ရှုပ်သေးတာကိုယ်တွေက လာဘ်ကောင်လေးတွေထင်တယ်နော်….အလုပ်ကြိုးစားတဲ့အမျိုးသားနဲ့ဆုံရတာ သိပ်ကံကောင်း ပါတယ်ရှင်……”ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မအေးသောင်းရဲ့ အလန်းစားပုံလေးတွေကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit – Aye Thaung fb page

zawgyi



