လှိုင်သာယာမြို့နယ် မှာ ဘုရားမီး ပူဇော်ရာမှ နေအိမ် မီးလောင်ပြီး အမျိုးသမီး (၂) ဦး သေဆုံး

လှိုင်သာယာမြို့နယ် မှာ ဘုရားမီး ပူဇော်ရာမှ နေအိမ် မီးလောင်ပြီး အမျိုးသမီး (၂) ဦး သေဆုံး

ရန်ကုန်၊ လှိုင်သာယာမြို့နယ် (၉)ရပ်ကွက်က နေအိမ် တစ်အိမ်မှာ ဒီနေ့ဇွန်လ (၁၂)ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးအလောင်း (၂)လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ မီးခိုမွှန်ပြီး သေဆုံးသွားတယ် လို့ ယူဆရပါတယ်။ သူတို့က ရေချိုးခန်းထဲမှာ သေဆုံးနေတာပေါ့။ ကျန်တာကတော့ စစ်ဆေးမှုတွေ လုပ်နေတုန်းပါပဲ” လို့ လှိုင်သာယာမြို့နယ် အနောက်ပိုင်း အထွေထွေအုပ်ချုပ် ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်ဟာ မိုးမခလမ်းနေ ဦးကျော်ရွှေ နေအိမ် ဖြစ်ပြီး ဘုရားမီးပူဇော်ရန်အတွက် ဖယောင်းတိုင် ထွန်းရာမှ အောက်ခံအဖြစ်အသုံးပြုသော သစ်သားပြားမီးစွဲလောင်၍ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်ရာနေရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ၊မြို့နယ်မီးသတ်ဦးစီးတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၂ စီး ၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅ မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးကျော်ရွှေ ၏ ဇနီးဖြစ်သူ ဒေါ်လုံး(ခ) ဒေါ်ညွှန်ညွှန်ရီ အသက် (၅၅)နှစ်နှင့် မြေးဖြစ်သူ မရှင်းသန့် အသက် (၁၆)နှစ် တို့ မီးလောင်ရာတွင် သေဆုံးခဲ့ပြီး ဦးကျော်ရွှေ အသက်(၅၇)နှစ် အား လှိုင်သာယာပြည်သူ့ ဆေးရုံတွင် (မစိုးရိမ်ရ) ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

အခုအချိန်မှာတော့ သေဆုံးသူတွေ ကို လှိုင်သာယာဆေးရုံး ကို ပို့ဆောင်ထားပြီး ဆုံးရှုံးမှုတန်ဖိုးနဲ့ တခြားကိစ္စတွေကို စစ်ဆေးနေတယ် လို့ သိရပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =