လယ်ကွင်းထဲမှာ ခြေဗလာ နဲ့ ကြွကြွလေးလမ်းလျှောက်နေခဲ့ပြီး ကိုယ်လုံးလေး တစ်ပတ်လှည့်ကာ ဆော့ကစားထားတဲ့ ခေးဆက်သွင် ရဲ့ ဗီဒီယိုလေး

သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အနုပညာ လမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ MRTV-4ရဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ကျရာ ကာရိုက်တာကို ပီပီပြင်ပြင်နဲ့ ဇာတ်ရှိန်တတ်အောင် သရုပ်ဆောင်တတ်တဲ့ ခေးက လက်ရှိမှာလည်း ရိုက်ကူး ရေးတွေ မနားတမ်းလုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ရိုက်ကူးရေးတွေကြောင့် မအားလပ်တဲ့ ကြားကနေ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ လှုပ်ရှားမှုလေးတွေကို ဆက်တိုက်ဆိုသလို တင်ပေးလေ့ရှိတာပါ။ ဒါ့အပြင် ပရိသတ်တွေအချစ်ပိုစေမယ့် TIKTOK လေးတွေလည်း ဆော့ကစားလေ့ရှိတာဖြစ်ပါတယ်။ ယနေ့မှာလည်း ခေးက ကြည့်မိသူတွေ အကြိုက်တွေ့ရစေလောက်မယ့် ဗီဒီယိုလေး တစ်ခုကို တင်ပေးလာခဲ့ပါတယ်။

ဒါကတော့ ခြေပြောင်နဲ့ လယ်ကွင်းထဲမှာ ကြွကြွရွရွလေး လမ်းလျှောက်နေခဲ့ပြီး ကိုယ်လုံးလေး ကို တစ်ပတ်လှည့်ကာ ဆော့ကစားထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သဘာဝဆန်ပြီး ပရိသတ်တွေ သဘောကျမိစေလောက်တဲ့ ဟန်လေးနဲ့ ဆော့ကစားထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ အဆိုပါ ဗီဒီယိုလေး ကို ကြည့်ရှုပြီး ပရိသတ်တွေကလည်း ခေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော် ။

Photo credit – Khay Sett Thwin’s Facebook Account