ခင်ပွန်းဟောင်း နဲ့ မိတ်ပျက်ပြီး ရန်သူဖြစ်စရာ အကြောင်း ဘယ်တော့မှ မရှိဘူး လို့ ​ဆိုလာတဲ့ “မယ်လိုဒီ”

ခင်ပွန်းဟောင်း နဲ့ မိတ်ပျက်ပြီး ရန်သူဖြစ်စရာ အကြောင်း ဘယ်တော့မှ မရှိဘူး လို့ ​ဆိုလာတဲ့ “မယ်လိုဒီ”

ပရိသတ်ကြီးရေ မယ်လိုဒီကတော့ တစ်သားမွေး တစ်သွေးလှဆိုသလို သူမရဲ့ သား​​လေးသိဒ္ဒိစစ် မွေးဖွားပြီးနောက် အရင်ကထက်ပိုပိုလှလာကာ ကလေးအမေလို့မထင်ရလောက်အောင်နုပျိုနေတဲ့မင်းသမီး တစ်လက်ပါ။ အိမ်ထောင်ကျ ကတည်းက အနုပညာ အလုပ်တွေရပ်နားခဲ့တဲ့ မယ်လိုဒီ ကတော့အခုချိန်မှာ အနုပဘာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လျက်ရှိနေပါပြီနော်။

လက်ရှိမှာလည်း သူမရဲ့ခင်ပွန်းဖြစ်သူ နဲ့တရားဝင်ကွာရှင်းထားကြောင်း အသိပေးကြေညာထားတာပါ။ဒီနေ့မှာတော့”ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ ။အတိတ်ဘဝကအမေလို့တောင် တင်စားထားတဲ့ မေမေပါဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ။ကျွန်မကို သမီးအရင်းလို ချစ်တဲ့မေမေပါအမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ။

ကိုသာကောင်း မူး ယစ်ဆေးဝါး ကင်းရှင်းလောင်းကစား ကင်းရှင်းမိန်းမကိစ္စကင်းရှင်းသူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ်။စိတ်ပုတ် စိတ်ယုတ် မရှိပါဘူးအပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက် ပိုချစ်တယ် ထင်ရအောင် သိတတ်သူပါ။မတူညီမူများစွာနဲ့ညှိမရလို့ အကြင်လင်မယား ဘဝက​နေအရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ။မိတ်ပျက်ပြီးရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။

သားလေးကို ကျွန်မ ခေါ်ထားတယ် သားလေးကကျွန်မနဲ့ နေတယ်။ဒါပေမယ့် အဖေ ဆီကို တစ်ပတ်မှာ တစ်ညအိပ်တော့ ပေးသွား ပါတယ်(တစ်ခါတစ်လေ ၂ည)သူနဲ့ကျွန်မကြား မှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး ဘာမှမရှိပါဘူး။အဲ့ဒီတော့ ထူးခြား ဆန်းပြားတဲ့ သတင်းလဲမရှိပါဘူး။ဖြစ်ပျက်သမျှ တရားဝင်အားလုံးလုပ်ပြီးသားပါမကြေငြာတာ က မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ်မလိုအပ် ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါ။ကျွန်မတို့တွေ အားလုံးအေးဆေးပါ။ သူနဲ့ကျွန်မ မောင်နှမ အဖြစ်မိသားစုအဖြစ်ဆက်တည်ရှိနေမှာပါ။ချ စ်ခင်သောသူများအားလုံးကိုလည်း အေးဆေးစေချင်ပါတယ်။

ကျွန်မ မနက်ကတည်းက အိမ်သန့်ရှင်းရေး လုပ် ဘုရားပန်းလဲ အဝတ်တွေရှင်းသားသားစာဖတိဖို့ကိစ္စတွေစီစဉ်နေရလို့ကျန်တာတွေ မတွေးအားပါဘူးစိတ်လေ စိတ်ကစား ဆုံးဖြတ်ချက် မှားရမယ့်အရွယ်မဟုတ်တော့ပါဘူး။အေးအေးလူလူ အခု ဘုရားဝတ်ပြုပြီးမှရေးတင်လိုက်တာပါရှင်ဒါကြောင့် ပူပန်ပေးကြသော ချစ်သောသူများအားလုံး မုန့်ပို့ပေးပြီး နှစ်သိမ့်နိုင်ပါတယ်ရှင်။

မှတ်ချက် ။ ထင်ရာရေး နေတဲ့သတင်းတွေမှာ ထင်ရာ မန့်နေတဲ့ အရာတွေ ကျွန်မမသိချင်ဘူး ဒါကြောင့် cb မှာ သတင်းပေးတာမျိုးမလုပ်ပါနဲ့ရှင်။အကြိမ်ကြိမ် အခါခါ လပေါင်းများစွာစဉ်းစား ဆုံးဖြတ်ထားခဲ့တဲ့ကိစ္စမို့ခုချိန် တည်ငြိမ်သူ မေမေမျိုး ပါပူလောင်ခြင်းကင်းပြီး သားလေးကျောင်းကိစ္စဘဲလုပ်နေပါတယ်ရှင်သားအတွက် စိုးရိမ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင်အကုသိုလ်ကင်း ကုသိုလ် အလင်းအစဉ်ထွန်းလင်းတောက်ပပါစေရှင်။

၇ရက်သားသမီး အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာ ဆန္ဒ ပြည့်စုံကြပါစေရှင်။ဓာတ်ပုံလေးကတော့ ဒီနေ့ရိုက် ဒီနေ့တင်စိတ်ကြည်နူးစေသော ပန်းပင်ကလေးများနှင့်ကျွန်မ”ဆိုတဲ့စာလေးနဲ့ ​ ပြောပြခဲ့တာပါ။ ပရိသတ်ကြီးလည်း မယ်လိုဒီတစ်ယောက်အနုပညာအလုပ်တွေအရင်ပိုမို အားစိုက်လုပ်တော့မယ်ဆိုရင် အားပေးဖို့အသင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Melody Myo