လူနာအမှတ် (၂၄၉) ကို ရင်ခွဲရုံနား မှာ တယောက် ထဲ ထားတယ် ဆို တဲ့ ကိစ္စ တာဝန်ခံ ဆရာဝန် ဒဲ့ ရှင်းပြီ

လူနာအမှတ် (၂၄၉) ကို ရင်ခွဲရုံနား မှာ တယောက် ထဲ ထားတယ် ဆို တဲ့ ကိစ္စ တာဝန်ခံ ဆရာဝန် ဒဲ့ ရှင်းပြီ

ကို ဗစ်လူနာအမှတ် (၂၄၉) ကို ဗန်းမော်ဆေးရုံက ရင်ခွဲရုံနားမှာ တယောက်ထဲ သီးခြားခွဲထားတယ်ဆိုတဲ့ သတင်း အပေါ် တာဝန်ခံ ဆရာဝန်ကိုယ်တိုင် ဒဲ့ရှင်းတဲ့ အကြောင်းအရာကို ဖော်ပြလိုက်ပါတယ်-

(မူလသတင်း) လူနာအမှတ်စဉ် – ၂၄၉ ၊ ကိုယ်ဝန်ဆောင် သားဖွားဆရာမအား ဗန်းမော်ဆေးရုံကြီး၏ ရင်ခွဲရုံနားမှ အဆောင် တွင် သီးသန့်ခွဲထားပြီး ဆေးကုသပေးနေသည်ဟု သိရပါသည်။ ထိုနေရာသည် ညဘက်မဆိုနှင့် နေ့ဘက်တွင်ပင် ခြောက်ခြားစရာ၊ ကျောချမ်းစရာ ကောင်းလှသည်ဟု သိရပါသည်။

ပြည်တော်ပြန်များကို နယ်စပ်မှစောင့်၍ ရောဂါစစ်ဆေးပေးရင်း ကူစက်ခံရရှာ သည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကို ထိုနေရာမှနေ၍ ဤ ကူးစက်ရောဂါဆိုးကြီးကို ရင်ဆိုင်‌စေသည်မှာ မသင့်တော်ဟု ထင်မြင်မိပါသည်။ (Thein Naing Htun)

ဗန်းမော်သူ/သားများခင်ဗျား အခုဆေးရုံမှာတက်ရောက်ကုသနေတဲ့ ပိုးတွေ့သူ (လူနာလို့မခေါ်ချင်လို့ပါနော် တစ်ကယ်ကိုကျန်းမာပြီး စိတ်ဓာတ်ခိုင်မာတဲ့ ညီမလေးပါ ခုလဲရွှင်ရွှင်လန်းလန်းပါပဲ) ဟာ ကျွန်တော်တို့ အလုပ်အကိုင်တူ ညီအစ်ကို မောင်နှမတွေပါ။

ကျွန်တော်တို့ဝန်ထမ်းထဲက ဖြစ်တာပါ အဲ့ဒီတော့ လူလူချင်းအနေနဲ့ လူနာအနေနဲ့ မိမိဝန်ထမ်း လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမ အနေနဲ့ ကျွန်တော်တို့ ပိုပြီးဂရုစိုက်ပေးပါတယ် (အခြားသူများကို ဂရုမစိုက်ဟု မဆိုလိုပါ ဝန်ထမ်းမောင်နှမ ဆိုတော့ပိုဂရုစိုက်မိတာပြောချင်တာပါ)

ဒီဗန်းမော်ဆေးရုံမှာထားဖို့ကိစ္စက နေပြည်တော်ကဆုံးဖြတ်ပေး တာပါ။ မနက် အစောကြီးကတည်းက (၃)ကြိမ်တိုင်ပင် ငြင်းကြပြီးမှ ပိုသင့်တော်တဲ့နေရာမှာ ထားတာပါ (တစ်ဖက်ကကြည့်ရင် ဗန်းမော်မြို့အနေနဲ့ ဆေးရုံအနေနဲ့ ဂုဏ်ယူလို့တောင်ရပါတယ် ငါတို့လုပ်ပေးနိုင်တယ်ဆိုပြီးတော့ပေါ့)။

ဒီအတွက် ကျွန်တော်တို့ အစစအရာရာ စနစ်တကျ စီစဉ်ရပါတယ် ဘာမဆို လက်လွတ်စပါယ်မလုပ်ပါ (မနေ့ကဆိုတစ်ညနေလုံး ဌာနတိုင်းရဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးရပါတယ်) လာတက်တဲ့ဆရာမအတွက် တစ်ခြား မပြောနဲ့ သွားပွတ်တံ သွားတိုက်ဆေး တစ်ဘက် စောင် ခြင်ထောင် ခေါင်းဦး ကစလို့အသေးစိတ် လိုလေသေးမရှိ စီစဉ်ထားပေးပါတယ် (စားစရာပါကျွေးသေးတာ လှူချင်သူများ ရှိရင်လဲဖိတ်ခေါ်ပါတယ်)

အဲ့ဒီအဆောင်က Isolation သီးသန့်ပြင်ထားတဲ့အဆောင်ပါ ဒါကြောင့် ရေ မီး WiFi, CCTV ကအစတပ်ပြီး PPE ဝတ်နိုင် ချွတ်နိုင်အောင် ပြီးရင်ဆရာ/မတွေပါရေချိုးပြန်လို့ရအောင်လုပ်ပေးရပါတယ်။ အဝတ်လျှော်စက်ပါထားထားပေးရပါတယ် ဒါမှဝန်ထမ်းတွေလဲအိမ်ကိုစိတ်သန့်သန့်နဲ့ပြန်နိုင်မှာပါ (ပြီးတော့သူတို့နေဖို့အဆောင်သတ်သတ် စီစဉ်ထားပေးရပါတယ်)

ဒီ COVID-19 နဲ့ပါတ်သက်ပြီး သုံးထားရ တဲ့အဆောင် (၃) လုံးရှိပါတယ် အားလုံးသူ့ ဆိုင်ရာ ဆိုင်ရာ မှာပဲ သူနဲ့သက်ဆိုင်တဲ့လူနာတွေကို ထားရ ကြည့်ရပါတယ် (လူများတဲ့နေရာဆိုသူများကိုကူးစက်လွယ်တဲ့အတွက် ပိုဂရုစိုက်ရွေးရပါတယ်)

ခုတက်နေတဲ့ ဆရာမကော အခြားသူတွေကော ဘယ်သူ့ကိုမှပစ်မထားပါဘူး အခုလဲကိုဗစ်နဲ့ ပတ်သက်တဲ့အခြားလူနာတွေရှိသေးတာပါပဲ အားလုံးသက်ဆိုင်ရာ အဆောင်တွေမှာ သက်ဆိုင်ရာ ဆရာဝန် ဆရာမ technicians အလုပ်သမားတွေ အားလုံးရှိကြပါတယ် ဘယ်သူ့ကိုမှပစ်မထား (တစ်ယောက်ထဲလဲ မထားပါ) ဘူး ဒီကြားထဲ CCTV က နေ လဲ အချိန်ပြည့်ကြည့် ပေးနေကြတာပါ၊

ဒီတော့ပြောချင်တာက စိတ်အေးအေး ထားပြီးစောင့်ကြည့် အားပေး ပေးကြပါ (ဆရာမအတွက်စိတ်ပူပေးတာကို အရမ်းကို ကျေးဇူးတင်ပါတယ် ဂုဏ်လဲယူပါတယ် မြို့သူ/သားတွေရဲ့မြင့်မြတ်တဲ့စိတ်ထားတွေအတွက် ကျွန်တော်တို့လုပ်ရတာပိုအားတက်ရပါတယ်) အဓိက ကတော့ မိမိကိုယ်တိုင်လုပ်စရာ ရှိတာလုပ်ပေးခြင်းနဲ့ကူညီပေးကြပါ။

“မတ်စ်တပ် လက်ဆေး ဝေါင်ဝေါင်ရှေး မနှေးနေပါ ခြောက်ပေကွာ ဧည့်သည် မှန်သမျှ တုတ်ထိုးချ ဧကစာရီ အားပေးသည်” ဆိုတာမျိုးလေးနဲ့ဆက်လက်နေပေးကြစေ လိုပါကြောင်း စေတနာရှေ့ထားရ်ျ တိုက်တွန်း နှိုးဆော် အပ်ပါသည်။

မေတ္တာဖြင့် – ဒေါက်တာမင်းဇော်အေး

(ထိတွေ့သူများကိုလဲ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီးဝိုင်းဝန်းရှာဖွေ ဖော်ထုတ်နေပြီ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်) ထပ်ဆင့်ပြီးအလှူရှင်များလဲ ဖိတ်ခေါ်ပါတယ်…

Add a Comment

Your email address will not be published. Required fields are marked *

9 + eight =