သမီး တစ်ယောက် အမေလို့ မထင်ရလောက် ပဲ ဆယ်ကျော်သက် လေးလို လှပ နုပျိုနေဆဲ ဖြစ်တဲ့ ခိုင်သင်းကြည်

သမီး တစ်ယောက် အမေလို့ မထင်ရလောက် ပဲ ဆယ်ကျော်သက် လေးလို လှပ နုပျိုနေဆဲ ဖြစ်တဲ့ ခိုင်သင်းကြည်

VCDသီချင်းေ တွမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်လျှောက် လှမ်းလာခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ ပရိသတ်တွေထဲမှာ မသိသူမရှိသလောက်ကို ရှားပါတယ်နော်။ နောက်ပိုင်းမှာတော့ ခိုင်သင်းကြည်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း

ပါဝင်သရုပ်ဆောင်နေပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီ ရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်တန်စွာရရှိထားတဲ့သူလည်းဖြစ်ပါတယ်…..။ အခုချိန်ထိတိုင် အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က ပရိသတ်တွေအားပေးချစ်ခင်နေရတဲ့ မြန်မာ နိုင်ငံက

ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ် ပါတယ်။ ခိုင်သင်းကြည်က အနုပညာလောကမှာ အောင်မြင်ကျော်ကြားရုံသာမကပဲ သူမရဲ့ အိမ်ထောင်ရေးကိုလည်း ပရိသတ်အတော်များများက အားကျနေကြတာလည်းဖြစ်ပါတယ်။ အရာရာကို သည်းခံနားလည်ပေးပြီး အလိုလိုက် ကြင်နာတက်တဲ့

ခင်ပွန်းကောင်းရယ် သမီးချောလေး စံထိပ်ထားဦး နဲ့အတူ သာယာကြည်နှုးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားတာလည်းဖြစ်ပါတယ်…..။ သမီးလေးက ဆယ်ကျော်သက်အရွယ် မိန်းမချောလေးတစ်ဦးဖြစ်ပြီး သွက်သွက်လပ်လပ်ချစ်စရာအမှုအရာလေးတွေ ရှိတာကြော်င့ ပရိသတ်တွေကလည်း

အားပေးချစ်ခင်နေတာကို တွေ့ရပါတယ်။ ယခုလို သမီးချောလေး တစ်ယောက်မွေးထားတာတောင် အလှမပျက်ပဲ နုပျိုနေဆဲဖြစ်တဲ့ မင်းသမီးချောလေး ခိုင်သင်းကြည်က လူမှုကွန်ယက်စာမျက်နှာထက်မှာ သူမရဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ…..ချစ်ရတဲ့ ပရိသတ်တွေ ခိုင်သင်းကြည်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေ နိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်……။