ပရိသတ်ကြီးရေ အဆိုတော်ပိုပိုဟာဆိုရင် မနေ့ကပဲ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်နော်။သူမကိုချစ်တဲ့သူတွေနဲ့ပြန်ဆုံခွင့်ရလို့ အရမ်းကိုပျော်နေတဲ့ပိုပိုဟာ သူမရဲ့အိပ်ခန်းလေးကိုလည်း လွမ်းနေရကြောင်းပြသလာခဲ့ပါတယ်။
ပိုပိုက ”I Missed My Bed”လို့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ တင်ထားပါတယ်။။ ပိုပိုက သူမကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့လက်ရှိပုံလေးကို မျှဝေကာ “အိမ်ကို လာချစ်ခြင်းတွေ ပေးသောတူ တူမလေးတွေ နဲ့ 👩👧👦 အားလုံးရဲ့ ချစ်ခြင်းမေတ္တာများကြောင့် အိမ်ကို ပြန်ရောက်ပါပြီရှင် လွမ်းနေခဲ့ပါတယ် 🥲🥰” ဆိုပြီး ပရိသတ်တွေ ကို လွမ်းနေတယ်လို့ ပြောလာ တာပဲဖြစ်ပါတယ်။
ပိုပိုကတော့ အပြုံးပန်းတွေ ဝေဆာပြီး ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အများကြီး ပင်ပန်းခဲ့ရတဲ့ ပိုပိုတစ်ယောက် ကောင်းကောင်း အနားယူပြီး ပျော်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit;
zawgyi
Credit;