တတိယမြောက် သမီးလေး ကို အောင်မြင်စွာမွေးဖွားနိုင် ခဲ့တဲ့ R ဇာနည် ရဲ့ ဇနီး ဝမ်း




crd : panpyoelat

unicode

အဆိုတော် R ဇာနည် နဲ့ ဝမ်းတို့ ဇနီးမောင်နှံက နှစ်တွေအကြာပြီး ရွှေလက် တွဲလာခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ပဲ ဖြစ်ပါတယ်။ R ဇာနည်နဲ့ ဝမ်း ကချစ်စရာကောင်းတဲ့ သားကြီး ဖစ်ဖစ်တုန်နဲ့ သားငယ် ချစ်ချစ်တုန်တို့ကို ပိုင်ဆိုင်ထားပြီး R ဇာနည်ရဲ့ အမျိုးသမီးဝမ်းက နောက်ထပ် ရင်သွေးလေး တစ်ယောက်ကို ကိုယ်ဝန်ဆောင် ထားရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၁၄) ရက်နေ့ မနက်ပိုင်း မှာတော့ ဝမ်းက သူမတို့ရဲ့ တတိယမြောက် သမီးငယ်လေး ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီလို့ သိရပါတယ်။ အနုပညာအသိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနှီးသူတွေကတော့ ရာထူးနောက်တစ်ဆင့်တိုးသွားကြတဲ့ R ဇာနည်နဲ့ ဝမ်း အတွက် ဝမ်းသာဂုဏ်ယူစကားတွေ ပြောနေကြ တာပဲ ဖြစ်ပါတယ်။

R ဇာနည်ကတော့ အခုဆိုရင် တော်တော်လေး ဝမ်းသာပျော်ရွှင်နေမယ် ထင်ပါ တယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =