ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းလာသည့် တရုတ်တွင် လမ်းဘေး ဈေးသည်များ များပြားလာ

ကိုဗစ်ကြောင့် စီးပွားရေးကျဆင်း လာသည့် တရုတ်တွင် လမ်းဘေးဈေးသည်များ အများအပြား ထွက်ပေါ်လာ

ကိုရိုနာဗိုင်းရပ်စ်သစ်ကို အစောဆုံး ခံစားခဲ့ရသော တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကြီးမားတဲ့ စီးပွားရေး ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ကာ လူပေါင်း သန်းနှင့်ချီ အလုပ်ပြုတ်ခဲ့ကြပါတယ်။ စီးပွားရေး ကျဆင်းမှုကို အများဆုံး ထိခိုက်ခံခဲ့ရတဲ့ အလုပ်လက်မဲ့ အများအပြားဟာ မြို့ကြီးတွေရဲ့ လမ်းမကြီး တွေ ပေါ်ကို ကျူးကျော်ပြီး ဈေးရောင်းချမှုတွေ ရှိခဲ့ပါတယ်။။

မြို့ကြီးများရှိ လမ်းမများတွင် အသင့်စား အစားအ စာများ၊ ကလေးကစားစရာများနှင် အတွင်းခံ အဝတ်အစားများ ရောင်းချနေမှုကို ရဲများက အရေးယူ ရှင်းလင်းရန် ကြိုးစားနေကြရပါတယ်။

ယခင်က ဟိုင်နန်ပြည်နယ်မှာ သန့်ရှင်းရေး ဝန်ထမ်း လုပ်ကိုင်ခဲ့ပြီး အခုတော့ လမ်းဘေးဈေးသည် ဖြစ်နေတဲ့ အမျိုးသမီးတဦးက စီးပွားရေများ အဆင်မပြေကြောင်း၊ သူမမှာ တခြား ငွေဝင်တဲ့ နည်းလမ်းမရှိကြောင်း၊ သန့်ရှင်းလုပ်ဖို့လည်း ကျန်းမာရေး အလွန် ဆိုးရွားနေကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစားလုပ်ငန်းတွေနဲ့ လမ်းဘေးဆိုင်တွေဟာ အလုပ် အကိုင်တွေ ရှာဖွေပေးနိုင်တဲ့ အဓိက အရင်းအမြစ်များ ဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ခံပစ္စည်း အရောင်းဆိုင်တွေလိုပဲ အရေးကြီးတယ်လို့ တရုတ်ဝန်ကြီးချုပ်က လမ်းဘေးဈေးသည်များကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

ပေကျင်းရှိ လမ်းဆုံလမ်းခွတွင် ရောင်းချသူများထံမှ အစားအ စာများကို တန်းစီဝယ်ယူမှုများ ရှိနေပြီး လမ်းမပေါ် ကျူးကျော်၍ ရောင်းချသူ အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဘေဂျင်းသတင်းစာကတော့ လမ်းပေါ်တက် ဈေးရောင်းချမှုများသည် ဘေဂျင်းမြို့တော်အတွက် မသင့်တော်ကြောင်း ဖော်ပြခဲ့ပြီး မကြာသေး မီနှစ်များကလည်း လမ်းဘေး ဈေးရောင်းသည့် ထောင်နှင့်ချီသော အသေးစား စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားပစ်ခဲ့ပါတယ်။

လေ့လာသုံးသပ်သူများကတော့ ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး တရုတ်နိုင်ငံ ကို ပြန်လည်ရှင်သန်ဖို့အတွက် လမ်းဘေးဈေးသည်များကို အားကိုးရမည်ဆိုသော အချက်ကို သံသယ ရှိနေကြပါတယ်။ တရုတ်နိုင်ငံရှိ လူဦးရေသန်း ၆၀၀ သည် တစ်လလျှင်ယွမ် ၁၀၀၀ အောက်သာ ရရှိနေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သန်း ၆၀၀ ဆိုသော ကိန်းဂဏန်းသည် နိုင်ငံအတွင်း လူမှုရေး တည်ငြိမ်မှု ကို ခြိမ်းခြောက်နေပြီး သမ္မတရှီကျင်းဖျင်ရဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းကို ထိခိုက်စေလျက် ရှိပါတယ်။ စီးပွားရေး ကျဆင်းခြင်းကြောင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းသည် အလုပ်လက်မဲ့များ ဝင်ငွေရရှိရန် ခွင့်ပြုခြင်း ဖြစ်သည်ဟု ဟောင်ကောင်ရှိ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခအဲလ်ဘတ်ပန်းက ဆိုသည်။ သို့သော် ရေရှည်တွင် ရလဒ်ကောင်းမည် မဟုတ်ပေ။

စီးပွားရေးကျဆင်းခြင်းကြောင့် ယခင်ထုတ်ပြန်ထားသော အမိန့်နှင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းသည် အလုပ်လက်မဲ့များအတွက် ရေတိုတွင် ကောင်းနိုင်ပေမယ့်လည်း ရေရှည်တွင် ကောင်းမွန်တဲ့ ရလာဒ်ကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဟောင်ကောင် တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခက ပြောဆိုလိုက်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

nineteen + twenty =