“ငွေမချမ်းသာသော်လည်း စိတ်ချမ်းသာအောင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ” ကို ပရိတ်သတ်တွေ ကို ပြောပြလာတဲ့ “မနော”

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် အဆိုတော်မနောက ငွေမချမ်းသာသော်လည်း စိတ်ချမ်းသာအောင်နေနိုင်ဖို့ နည်းလမ်း ကောင်းလေးတွေကို အခုလို ပြောပြ လာခဲ့ပါတယ်နော်။ အဆိုတော်မနောက လူတစ်ယောက်မှာ ငွေအင်အားနည်းချိန်က စားခဲ့သောအစားအစာများ၊ အသုံးဆောင်များကို စားစဉ် သုံးစဉ်က ကြိုက်သည်ကောင်းသည် အဆင်ပြေသလိုတော့ရှိကြမည်၊ လက်ထဲရှိတဲ့ ငွေဟာလည်း မိမိဘဝနှင့်လုံလောက်သလိုတော့ရှိကြသည် မလုံလောက်ပဲလိုအပ်နေတာလည်း ဖြစ်နတတ်ပါသည်၊

ဥပမာ နေ့စဉ်ဝင်ငွေ 3000 ရနေစဉ်ကလည်း ဘဝကနေပျော်သလိုရှိပြီး ရပ်တည်လို့တော့ရနေတယ်ပေါ့ဗျာ ။ ယခု နေ့စဉ်ဝင်ငွေ 10000 ဝင်လည်း ယခင်ထက်ပိုပြီး စုမိလာသလားဆိုတော့ မစုမိပါ မပြည့်စုံနိုင်ပဲ လိုအပ်နေသေးသူပဲဖြစ်နေတာကတော့ ဟုတ်မဟုတ် မိမိကိုယ်ကိုယ် ပြန်စိစစ်ကြည့်ပါ၊ တစ်ချို့ဆိုလျှင် လခစားမဟုတ်ပဲ လုပ်ငန်းရှင်တောင်ဖြစ်နေပြီ မပြည့်စုံသေးပဲစိတ်သောကရနေတတ်သေး၏၊

အဲဒါဘာကြောင့်လဲဆိုတော့ ယခင် ဝင်ငွေလေး နည်းစဉ်က မုန့်ပျားသလက်နဲ့လည်းအဆင်ပြေ၏ ဝင်ငွေလေးတိုးလာလျှင်တော့ ဟမ်းဘာဂါလေး ကြက်ကြော်လေး ဖတ်ထုပ်ပေါင်းလေး မာလာဟင်းလေး စားချင်မိသော လူသားတိုင်းရဲ့ လောဘ တဏှာကြောင့်ပဲဖြစ်ပါတယ် ။ ဖုန်း ဆိုလည်း ယခင်ထက်တော့ ပိုမြင့်တာ ကောင်းတာလေးတော့ကိုင်သင့်တယ်လို့ အတွေးဝင်လာတတ် တယ်ပေါ့ဗျာ၊ ကျနော်တို့ အားလုံး အထူးဂရုစိုက်ရမှာကတော့ သင့်တင့်သောဘဝ သင့်တင့်သော အခြေအနေလေးနှင့် မိမိကိုယ်ကိုယ် ရောင့်ရဲတင်းတိန်စွာနေတတ်မယ်ဆိုလျှင် ငွေ မချမ်းသာလည်းစိတ်ချမ်းသာသောဘဝကိုပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်၊

မိမိထက်ချမ်းသာပြည့်စုံသူကိုကြည့်ပြီး မိမိက ထိုသူများလို့ မနေထိုင်သင့်ပါ မိမိဘဝအခြေအနေနှင့် သင့်တင့်အောင်စား သင့်တင့်စွာသုံး Fb အွန်လိုင်းကအစ မိမိဝင်ငွေနှင့်ကိုက်ညီအောင်သုံးသင့်ပါသည် ။ ဝင်ငွေကို ပုံမှန်ရရှိအောင် ကြိုးစားပြီး ရခဲလှတဲ့ လူ့ဘဝကို အပူတွေနှင့် မဖြတ်သန်းသင့်ပါ၊ ယောနိသောမနသီကာရ ဆိုတဲ့ မိမိကိုယ်ကို မှန်မှန်ကန်ကန်နှလုံး သွင်းတတ်အောင် ကြိုးစားနေထိုင်သင့်ပါသည် လေးစားစွာဖြင့် မောင်မနော ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ရပါတယ်နော်။

crd