ရှုတင်မှာရုပ်ပြောင်လေးတွေ လုပ်ပြနေပြီး ပန်းဆီရောင်ဝတ်စုံလေး နဲ့ အလှကြီး လှနေတဲ့ မေမြင့်မိုရ်
ပရိသတ်ကြီးရေ….. မင်းသမီးချောလေး မေမြင့်မိုရ်က တော့ အနုပညာလောက မှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ သူမ ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့်လည်း ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။
မေမြင့်မိုရ် ဟာ သွယ်လျ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကြောင့် ပျိုမဒီလေးတွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကိုခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မေမြင့်မိုရ် က အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်စရာပုံရိပ်လေးတွေကို အမြဲဆိုသလို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်…..။
အခုဆိုရင်လည်း မေမြင့်မိုရ်ဟာရိုက်ကူးရေး ပြုလုပ်နေပြီး ရှုတင်မှာရုပ်ပြောင်လေးတွေလုပ်ပြကာ ချစ်ဖို့ကောင်းနေတဲ့ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ “အလုပ်ချိန်လေးမှာလည်း လွမ်းနေပါ…..” ဆိုတဲ့ captionလေးနဲ့အတူတင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ……ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
Photo credit- May Myint Mo’s Facebook acc
zawgyi