အိပ်ယာလေး ထက် မှာ အသည်းယားစရာ ပို့စ်လေးတွေပေးနေပြီး ကြည့်မ၀နိုင်အောင် ကို လှ‌သွေး ကြွယ်နေတဲ့ မေမြင့်မိုရ်
ပရိသတ်ကြီးရေ….. မင်းသမီးချောလေး မေမြင့်မိုရ်က တော့ အနုပညာလောက မှာ အချိန် အတိုတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ သူမ ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့်လည်း ကြော်ငြာတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။
မေမြင့်မိုရ် ဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေး ကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းအေးချမ်းတဲ့ အလှတရား တွေကြောင့် ပျိုမဒီလေးတွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကိုခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မေမြင့်မိုရ် က အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်စရာပုံရိပ်လေးတွေကို အမြဲဆိုသလို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ ရှိပါတယ်…..။
အခုဆိုရင်လည်းမေမြင့်မိုရ်ဟာ ကြည့်မိသူတိုင်း သဘောကျပြီး အချစ်ပိုစေနိုင်တဲ့ပုံလေးတွေ ကို “ကိုယ့်ရဲ့ Me Time ….စာအုပ်လေးနဲ့မှန်လေးကမပါမဖြစ်ပေါ့….” ဆိုတဲ့ captionလေးနဲ့အတူ အိပ်ယာလေးထက်မှာ လှရက်လွန်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
zawgyi