ပြည်သူတွေ သိထားသင့် တဲ့ ယခု တခေါက် အခြေခံ လူတန်းစား ထောက်ပံ့ ကြေး (၄) သောင်း ကိစ္စ

လှိုင်မြို့နယ် အမတ်ပြောတဲ့ အခြေခံ လူတန်းစား ထောက်ပံ့ကြေး (၄) သောင်း ကိစ္စ

အခြားမြို့နယ်က ပြည်သူတွေလဲ သိထားသင့်ပါတယ်လှိုင်မြို့နယ်တွင် အခြေခံလူတန်းစား ထောက်ပံကြေးများ ပေးအပ် တော့မည် ဖြစ်ပါသည်။ အိမ်ထောင်စုပေါင်း(၁၀၂၀၀) ရရှိပါသည်။ ရရှိသည့် အိမ်ထောင်စုများ ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် စာရင်း ကပ်ထားပါသည်။

အမှားအယွင်းတော့ မကင်းနိုင်ပါ။ အတတ်နိုင်ဆုံး ရသင့် ရထိုက်သူများ ရရှိစေရန် ကြိုးစား ဆောင်ရွက်ထားပါသည်။စာရင်းမပေးမိသူများ၊ ကျန်ရစ်ခဲ့သူများ၊ ယခင်အကြိမ်များက တောက်လျှောက် ရနေသူများ မပါဝင်ခြင်း ရှိနိုင်ပါသည်။

တချို့လူလည်ကျသူများလည်း ရှိပါသည်။ ယခင်က ယောက်ကျား နာမည်နှင့် ရရှိထားပြီး ယခုတစ်ခေါက်မိန်းမ နာမည်နှင့် လျှောက်၍ စိစစ်သူများ မျက်စိလည်သွားခြင်းများလည်း ရှိပါသည်။

အိမ်ထောင်စု အားလုံးကို မပေးနိုင်၍ ထောက်ပံ့ကြေး ရသူ၊ မရသူ နှင့် သူရ ထိုက်တယ် ငါရသင့်တယ်အငြင်းပွားမှုများ ရှိနိုင်ပါသည်။ တအိမ်တွင် မိသားစု သုံးလေးစု ရှိနေခြင်းများတွင် ကျန်ရစ်ခဲ့သူများ ရှိနိုင်ပါသည်။ကျန်ရစ်ခဲ့သူများ စာရင်း ပေးထားကြပါ နောက်တစ်ကြိမ်ပေးလျှင် ရပါမည်။

လူတိုင်းကို ပေးနေခြင်း မဟုတ်ပါ။ ရပိုင်ခွင့်ဟု မမှတ်ယူပါနှင့်။ အတတ်နိုင်ဆုံး ညှိနိူင်းဆောင်ရွက်ကြပါ။မယူသင့်သူများ မရသင့်သူများ မယူပါနှင့်။ အခြားသူများကို ဦးစားပေးကြပါ။

ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ခေါင်းရှုပ်ပါမည်။ စိတ်ရှည် သည်းခံ ညှိနိူင်းပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လမ်းမှုးများ အဂတိကင်းပါစေ။ အထူးသဖြင့် ဆန္ဒာဂတိ ကင်းကြပါစေ။လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ကျော်ဦး

crd

zawgyi

လႈိင္ၿမိဳ႕နယ္ အမတ္ေျပာတဲ့ အေျခခံ လူတန္းစား ေထာက္ပံ့ေၾကး (၄) ေသာင္း ကိစၥ

အျခားၿမိဳ႕နယ္က ျပည္သူေတြလဲ သိထားသင့္ပါတယ္လႈိင္ၿမိဳ႕နယ္တြင္ အေျခခံလူတန္းစား ေထာက္ပံေၾကးမ်ား ေပးအပ္ ေတာ့မည္ ျဖစ္ပါသည္။ အိမ္ေထာင္စုေပါင္း(၁၀၂၀၀) ရရွိပါသည္။ ရရွိသည့္ အိမ္ေထာင္စုမ်ား ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး႐ုံးတြင္ စာရင္း ကပ္ထားပါသည္။

အမွားအယြင္းေတာ့ မကင္းႏိုင္ပါ။ အတတ္ႏိုင္ဆုံး ရသင့္ ရထိုက္သူမ်ား ရရွိေစရန္ ႀကိဳးစား ေဆာင္႐ြက္ထားပါသည္။စာရင္းမေပးမိသူမ်ား၊ က်န္ရစ္ခဲ့သူမ်ား၊ ယခင္အႀကိမ္မ်ားက ေတာက္ေလွ်ာက္ ရေနသူမ်ား မပါဝင္ျခင္း ရွိႏိုင္ပါသည္။

တခ်ိဳ႕လူလည္က်သူမ်ားလည္း ရွိပါသည္။ ယခင္က ေယာက္က်ား နာမည္ႏွင့္ ရရွိထားၿပီး ယခုတစ္ေခါက္မိန္းမ နာမည္ႏွင့္ ေလွ်ာက္၍ စိစစ္သူမ်ား မ်က္စိလည္သြားျခင္းမ်ားလည္း ရွိပါသည္။

အိမ္ေထာင္စု အားလုံးကို မေပးႏိုင္၍ ေထာက္ပံ့ေၾကး ရသူ၊ မရသူ ႏွင့္ သူရ ထိုက္တယ္ ငါရသင့္တယ္အျငင္းပြားမႈမ်ား ရွိႏိုင္ပါသည္။ တအိမ္တြင္ မိသားစု သုံးေလးစု ရွိေနျခင္းမ်ားတြင္ က်န္ရစ္ခဲ့သူမ်ား ရွိႏိုင္ပါသည္။က်န္ရစ္ခဲ့သူမ်ား စာရင္း ေပးထားၾကပါ ေနာက္တစ္ႀကိမ္ေပးလွ်င္ ရပါမည္။

လူတိုင္းကို ေပးေနျခင္း မဟုတ္ပါ။ ရပိုင္ခြင့္ဟု မမွတ္ယူပါႏွင့္။ အတတ္ႏိုင္ဆုံး ညႇိႏိူင္းေဆာင္႐ြက္ၾကပါ။မယူသင့္သူမ်ား မရသင့္သူမ်ား မယူပါႏွင့္။ အျခားသူမ်ားကို ဦးစားေပးၾကပါ။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးမ်ား ေခါင္းရႈပ္ပါမည္။ စိတ္ရွည္ သည္းခံ ညႇိႏိူင္းေပးၾကပါ။ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးမ်ားႏွင့္ လမ္းမႈးမ်ား အဂတိကင္းပါေစ။ အထူးသျဖင့္ ဆႏၵာဂတိ ကင္းၾကပါေစ။လႈိင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေက်ာ္ေက်ာ္ဦး