ညစ်ညမ်း ဗီဒီယိုရိုက်ကူးပြီး ONLINE ပေါ်မှာ ဖြန့်ဝေသူကို အမှုဖွင့် အရေးယူ (ရုပ်သံ)

ညစ်ညမ်း ဗီဒီယိုရိုက်ကူးပြီး ONLINE ပေါ်မှာ ဖြန့်ဝေသူကို အမှုဖွင့် အရေးယူ (ရုပ်သံ)

(ရုပ်သံဖိုင်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်)

ညစ်ညမ်း ဗီဒီယိုရိုက်ကူး ပြီး online ပေါ်မှာဖြန့်ဝေသူကို အမှုဖွင့် အရေးယူ

စစ်ကိုင်း ဇွန် ၁၂ -၂၀၂၀

စစ်ကိုင်းမြို့မှာ အဆောင်ငှား နေထိုင် ပြီး အလုပ်လုပ်နေတဲ့ မိန်းကလေးကို

သူချစ်သူက ညစ်ညမ်းဗီဒီယိုဖိုင် ရိုက်ကူးပြီး Facebook အကောင့်အတု နဲ့ online ပေါ် ဖြန့်ဝေသူကို

မနေ့က စစ်ကိုင်းမြို့မရဲစခန်း မှာအဖွင့်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ မိန်းကလေး ထံကသိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူကနေ စစ်ကိုင်းမြို့မှာ အဆောင်ငှားနေထိုင်ပြီး အလုပ်လုပ်နေတဲ့ မ—–(၂၁)နှစ် ကို

သူရဲ့ချစ်သူ စစ်ကိုင်းမြို့ စကျင်ကျေးရွာ မှာ နေထိုင်တဲ့ မောင်ကောင်းထက်ကိုကိုနိုင် (၂၃)နှစ် တို့ က

Facebook ကနေ ခင်မင်ရင်းနှီးပြီး ချစ်သူ ဖြစ် ခဲ့ကာ

ပြီးခဲ့တဲ့ တန်ခူး လပိုင်း သြင်္ကန် အကြတ် နေ့ က

စကျင်ထန်းတော မှာ Cola အချိုရည် လို့ခေါ် တဲ့ အရည် တိုက်ပြီး ၅ မိနစ်အကြာ

ကောင်မလေး မူးလှဲနေစဉ် မဖွယ်မရာ ပြုလုပ်ကာ

Video ဖိုင်ရိုက် ကူးပြီး Facebook အကောင့်အတု နဲ့ online ပေါ် ဖြန့်ခဲ့တဲ့အတွက်

မနေ့က စစ်ကိုင်းမြို့မ ရဲစခန်းကို အမှုဖွင့် ခဲ့သည်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့မရဲစခန်းက

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃ /၃၇၇/၃၂၈/၁၁၄

စတဲ့ပုဒ်မများ နဲ့ဆောင်ရွက်နေတယ်လို့သိရသည်။

crd : alanzayar

Add a Comment

Your email address will not be published. Required fields are marked *

20 + one =