တကမ္ဘာ လုံး လော့ဒေါင်း ဖြေလျော့မှု နဲ့ အတူ ကူးစက် မှု ပြန်လည်မြင့်တက်လာတဲ့ ကိုဗစ်

တကမ္ဘာ လုံး လော့ဒေါင်း ဖြေလျော့မှု နဲ့ အတူ ကူးစက် မှု ပြန်လည်မြင့်တက်လာတဲ့ ကိုဗစ်

ကို ဗစ် ကူးစက်ပြန့်နှံ့မှု စိုးရိမ်စရာအခြေအနေတွေ ထွက်ပေါ်လာကြောင့် မနေ့က တရုတ်နိုင်ငံမှာ အဓိကကျတဲ့ စားသောက်ဈေးကြီး ၅ ဈေးကို ပိတ်ထားဖို့ တရုတ်အစိုးရက မနေ့က ညွှန်ကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကူးစက် အတည်ပြုလူနာဟာ မနေ့က သောကြာနေ့မှာ စံချိန်တင်ရောက်ရှိခဲ့သလို အမေရိကန်ပြည်နယ်တွေမှာရှိတဲ့ ဆေးရုံကုတင်တွေအားလုံးနီးပါး ကိုဗစ်လူနာတွေ နဲ့ အလျင်အမြန် ပြည့်လာနေ တယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းက နိုင်ငံအများစုဟာ စီးပွားရေးဆိုင်ရာ ထိခိုက်ကျဆင်းမှုတွေအကြောင်းပြုပြီး ကိုဗစ်ကြောင့်ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို အလျင်စလို ပြန်လည်ဖြေလျော့ပေးနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေက ကန့်ကွက်ပြောကြားနေစဉ်မှာပဲ လူမျိုးရေးခွဲခြားမှုကို အခြေခံတဲ့ ဆန္ဒပြမှုတွေ ကမ္ဘာအနှံ့ဖြစ်ပွားသွားတာဟာ ယခင်ကဆောင်ရွက်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး အစီအမံတွေကို အဟောသိကံဖြစ်သွားစေတယ်လို့ ဝေဖန်နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိင်ငံမှာတော့ မြို့တော်ဘေဂျင်းမှာနေထိုင်တဲ့ ကိုဗစ်အတည်ပြုလူနာ နှစ်ဦးဆေးရုံတက်ကုသခဲ့ရတဲ့နောက်ပိုင်း သူတို့ သွားလာလည် ပတ်ခဲ့တဲ့ အစားအသောက်ဈေးကြီးတွေအားလုံးကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ပေမယ့် ဒီလူနာနှစ်ဦးဟာ ရောဂါကို ဘယ်ကနေ စတင်ကူးစက်ခဲ့တယ်ဆိုတာ ခြေရာခံလိုက်လို့ မရသေးဘူးလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကတော့ မနေ့က အများပြည်သူလမ်းပန်း ဆက်သွယ်ရေးဝန်ဆောင်မှုအားလုံး၊ ရုံးဌာနတွေအားလုံးနဲ့ ဈေးဝယ်စင်တာတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်စဉ်မှာပဲ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်အတည်ပြုလူနာ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၈၈၉၀ သာရှိသေး တာကြောင့် တွေ့ရှိမှုပမာဏနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေသေးကြောင်း ဆိုထားပေမယ့် သောကြာနေ့မှာ ကူးစက်အတည်ပြုလူနာ ၁၀,၉၅၆ ထိ စံချိတ်တင်တွေ့ရှိခဲ့တာဟာ စိုးရိမ်စရာကောင်းကြောင်းနဲ့ အဓိက ကူးစက်မှုဟာ နယူးဒေလီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်း အဓိက မြို့ကြီးတွေမှာ ဖြစ်ပွားနေတာလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဥရောပမှာတော့ နေ့စဉ်ကူးစက်မှုရာခိုင်နှုန်းဟာ ကျဆင်းလာခဲ့တယ်ဆိုပေမယ့် ကန့်သတ်မှုတွေဖယ်ရှားပြီးနောက် ကူးစက်မှုပြန်လည်မြင့်တက်လာနိုင်သေးတာကြောင့် သတိထားစောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သိပ်ကို လျင်လျင်မြန်မြန် ပြန့်နှံ့ နေပြီး ရောဂါပိုးကူးစက်သူ တသိန်းပြည့်ဖို့ ၉၈ ရက် ကြာခဲ့ပေမယ့် နောက်ထပ် ၁၈ ရက်အတွင်းမှာတင် ၂ သိန်းဖြစ်လာတာ တွေ့ရတယ်လို့ အာဖရိကဒေသဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဒီနိုင်ငံတွေမှာ ရောဂါဖြစ်ပွါးသူ အရေအတွက်ကို တကယ်ဖြစ်နေတဲ့ အရေအတွက်ထက်လျော့ပြီး ပြနေကြတယ်လို့ ကူးစက်ရောဂါ ပညာရှင် အများအပြားက တွက်ဆ နေချိန်မှာပဲ WHO က သတိပေးချက် ထွက်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတွေကို အဆိုးဝါးဆုံး ထိခိုက်စေနိုင်တဲ့ အပြင် စားနပ်ရိက္ခပြတ်လပ်တဲ့ အငတ်ဘေးနဲ့ပါ ကြုံရနိုင်တ ယ်လို့ သတိပေးခဲ့ပါတယ်။

အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတိုက်က ဖွံ့ဖြိုးဆဲနဲ့ ဝင်ငွေအလယ် လတ် ရှိတဲ့ နိုင်ငံတွေမှာ ရောဂါကူးစက်မှု များနေတာကို လနဲ့ ချီတွေ့ရနိုင်တာကြောင့် ကျန်းမာရေးအရာရှိတွေက စိုးရိမ်နေကြတာ ဖြစ် ပါတယ်။

Add a Comment

Your email address will not be published.

five × three =