အိပ်ယာ ထက် မှာ ကြိုးတစ်လုံး ညအိပ်ဝတ်စုံလေး နဲ့ ကျော့ရှင်း လှပနေပြီး ဆွဲဆောင်မှု ပိုလွန်းနေတဲ့ ဆိုင်းလု

Super Model တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုတစ်ယောက် သူမ ရဲ့ ရင်ခုန်ဖွယ်ရာ ပုံရိပ်အလန်း​တွေကို လူမှုကွန်ယက် စာမျက်နှာပေါ် မှာ ဝေမျှလိုက်ပြန်ပါပြီ။ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးက တကယ်ကိုကြွေချင်စရာပါပဲနော်။ လှပလွန်းတဲ့ မျက်နှာလေးက မြင်လိုက်တိုင်းမှာ ချစ်စိတ်တွေကို ဖြစ်ပေါ်စေတာဖြစ်ပြီး ကချင် တိုင်းရင်းသူလေး ဖြစ်တာကြောင့် ဆွဲဆောင်မှု အပြည့်ရှိတဲ့ အလှ တရားဟာ ပုရိသပရိသတ်တွေကို ဖမ်းစားနေတာပါ…..။

ဆိုင်းလုက ဘယ်လိုဖက်ရှင်မျိုး မဆို သူမနဲ့လိုက်ဖက်လွန်းနေပြီး အရမ်းကို ကြည့်ကောင်းလွန်းနေ တာလည်း ပရိသတ်တွေအသိပဲ​​ဖြစ်ပါတယ်။ မကြာခဏဆိုသလို အလန်းစားဖက်ရှင်တွေနဲ့ အလှပဆုံး ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ ဆိုင်းလုက ယနေ့မှာဆိုရင်လည်း ညအိပ်ဝတ်စုံလေးနဲ့ မိမိုက်လွန်းနေတာပါ။

ဆိုင်းလုက ” မနက်ခင်းမှာ နိုးလာခဲ့ အရင်ဆုံး မင်းကို လွမ်းပါတယ် ” ဆိုတဲ့ စာသားလေးနဲ့ အတူ အိပ်ယာထက်မှာ ကြိုးတစ်လုံး ညအိပ်ဝတ်စုံလေးနဲ့ ရင်ဖိုချင်စရာကောင်းလွန်းနေတာဖြစ်ပြီး ကြည့်မိသူတိုင်းကို အချစ်ပိုစေပြန်တာပါ။ နှစ်ခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်မှုပိုလွန်းနေတဲ့ ဆိုင်းလုရဲ့ ပုံလေးတွေ ကို Myanmarload မှ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်….. ။

Photo credit – M SENG LU’s Facebook Account

zawgyi



