မိုးရာသီ သွေးလွန်တုပ်ကွေး နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် လိုက်နာရန် အချက်များ

မိုးရာသီ သွေးလွန်တုပ်ကွေး နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် လိုက်နာရန် အချက်များ

မိုးရာသီ သွေးလွန် တုပ်ကွေးရောဂါနဲ့ ပတ်သက် ပြီး ဆောင်ရန်၊ ရှောင်ရန် နှင့် လိုက်နာရန် အချက်များ…

သိပ်ကိုများလာတဲ့ နေ့စဉ် ပိုပိုတွေ့လာရတဲ့ သွေးလွန်တုတ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် လိုက်နာရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

“ဖျားတယ် ။ ခေါင်း ကိုက်တယ် ။ အဆစ်ကိုက်တယ်။ အစက်တွေ ပေါ်တယ်ဆို ဒီရာသီမှာ အမြဲစိတ်ထဲရှိ သတိထားတော့ ဒါ သွေးလွန်တုပ်ကွေး ပဲ” “သူ့သဘောသဘာဝကို သူ့ကို ကြိုတင်ကာကွယ်ရင် ရလားး” “အသက်မသေအောင်တော့ စောင့်ရှောက်နိုင်လာပြီ ” ” ဖြစ်မှ ကုမလား မဖြစ်ခင် ကာကွယ်မလား” “ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တယ်”

“သူက ဘယ်ကဖြစ် ခြင်ကိုက် ရာက ဖြစ် ” “ဘယ်လိုခြင်လဲ အေဒီးစ်ဆိုတဲ့ ရေသန့်သန်တွေမှာပေါက်တဲ့ခြင် (အထူးသဖြင့် နေ့လည်ကိုက်တဲ့ခြင်) ” ဒီရေက ဘယ်ကရေ ကိုယ့်အိမ်ကရေ ” “ကိုယ့်အိမ်မှာ ဘယ်နားး ရေလှောင်ကန် ရေခိုဝင်နေသော ခွက် အိုး ပလုံး တာယာ ကလေးက စားစရာအိုးပုတ်တွေ ပစ်ထားတဲ့ ရေဗူး တွေ ”

‘ဒီက ဘယ်လိုဖြစ် ခြင်မတွေက ဥဥ ချ ပိုးလောက်လန်းလေးတွေ ဖြစ် အောင်း” ” ဒါလေးတွေက ကြီးလာ ခြံခိုအောင်း မှောင်နေတဲ နေရာဝင်အောင်း နေ့လည့်နေ့ခင်း တစ်ရေးမှေးကိုက်” “သူ့က ဘာကိုသယ်လာ တုပ်ကွေးဗိုင်းရပ်စ် ကို သယ်လာ”

“သယ်လာတဲ့ ခြင်က လူကို ကိုက် ဗိုင်းရပ်စ်ပိုးကို သွေးထဲပို့လိုက်ရော၊ ချက်ချင်းဖျားလာ၊ ဗိုင်းရပ်စ်မို့ ပုံမှန်ကွေးနေကျလို ကိုက်ခဲမယ် ကိုယ်ပူမယ် ညောင်းမယ် ခေါင်းကိုက်မယ် တစ်ခြား ဗိုင်းရပ်စ်နဲ့ ခွဲမရသေးဘူး။ ဒါမို့ အရည်များများသောက် အစားစား ကိုယ်ပူကြောင့် ချွေးပျံတာမို့ ပြည့်အောင်ဖြည့်ပေး အပူက လုံးဝ ပုံမှန်မကျ။ ၃ရက်မြောက်ဆိုလျှင်တော့ ဗိုင်းရပ်စ်လေး ဝင်မဝင် စစ်နိုင်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေ့ပြီဆိုတာနဲ့ အုပ်စု (၃) ခု ခွဲပြီး စောင့်ကြည့်နိုင်ပါတယ်။

အုပ္စု (က)

ဖျားတယ် ကိုယ်က ပူနေတယ်။ Paracetamolကို ခြောက်နာရီခြားထက်မနည်း တိုက်ပါ အဆစ်နာခေါင်းကိုက် သက်သာ မယ်။ အပူကျမယ်။ အရည်ဝင်တယ် သောက်နိုင်တယ်။ မအန်ဘူး။ ဒါဆို အရည်လုံလုံလောက်လောက်တိုက်ပါ။ အရည်ဓာတ် လုံလောက်တာ ဘာနဲ့ခွဲမလဲ အနည်းဆုံး ခြောက်နာရီတစ်ခါ ဆီးပေါက်မပေါက် စောင့်ကြည့်ပါ။ အဖျားကျချိန် လန်းမလန်း စောင့်ကြည့်ပါ။

အုပ်စု (ခ) (စောင့်ကြည့် သတိထားစရာ လက္ခဏာများ)

၁။ အဖျားမကျ / ကျ သော်လဲ မလန်းပဲ မှိန်းနေလျှင်၊ ၂။ အခြေအနေက မသက်သာ ပိုဆိုးလာလျှင်၊ ၃။ ဆက်တိုက်အန်လာလျှင်၊ ၄။ ဗိုက်နာလာလျှင် (အထူးသဖြင့် ညာဖက် ရင်ညွှန့်နား) ၅။ ခြေလက်အေးလာ ဂဏှာမငြိမ် မူမမှန် ဖြစ်လျှင် ၆။ ဝမ်းမဲမဲ သွားလျှင်၊ သွားဖုံးသွေးယို ကော်ဖီရောင် ဖတ်များ အန်တဲ့ထဲပါလာလျှင် ၇။ ခြောက်နာရီကြာထိ ဆီးမထွက်တော့လျှင် ဆေးရုံတင်ရင် ဆေးရုံ၌ ကုရန်လိုအပ်ပါတယ်။ ၎င်းအပြင် မွေးစကလေး တစ်နှစ်အောက်ကလေး၊ အဝလွန်နေသောသူ ကလေး၊ ဆီးချိုသမား၊ ကျောက်ကပ်မကောင်းသူ၊ တစ်ခြား သွေးရောဂါရှိသူများ သတိထားစရာလက္ခဏာမရှိသော်လဲ ဆေးရုံတက်၍ ကုရန်လိုအပ်ပါတယ်။

အုပ္စု (ဂ)

အုပ်စု (ခ) ကလက္ခဏာအပြင် သွေး ပေါင်ချိန်ကျ တိုင်းမရဆိုလျှင် အရေးပေါ်အခြေအနေ့ဖြစ် ကုသရန်လိုအပ်ပါတယ်။ ဒါတွေကြောင့် စဖျားတာနဲ့ သွေးလွန်တုတ်ကွေးဖြစ်နိုင်လို့ ခေါင်းထဲ မှတ်ထားပေးပါ။ ” ပုံမှန်ရေချိုးပေးပါ ” “အရည် များများ ဝင်အောင်တိုက်ပါ” “Paraacetamol မှလွဲပြီး တစ်ခြားအကိုက်အခဲပျောက်ဆေး အပြင်းမပေးတိုက်ရ” “မက်ကလောင် (သျှား)လုံးဝ မခြစ်ရ” ” အစားဝင်မဝင် ဆီးပေါက်မပေါက် စောင့်ကြည့်ပါ’

သွေးလုပ်တုပ်ကွေးရောဂါ ကာ ကွယ်ခြင်း…

ခြင်မပေါက်စေရန် ပိုးလောက်လန်း မပေါက်စေရန် ဖုံး သွန် ခပ် စစ်လောင်း၊ ကောင် လဲ ဖွင့် မြုပ် ရှင် မှုတ် အကုန်လုပ်၊ ခြင်မကိုက်စေရန် အကျီင်္ လက်အရှည် ဘောင်းဘီအရှည် ဝတ်ရန် နေ့လည်အိပ်လဲ ခြင်ထောင်ဖြင့် အိပ်ရန်၊ ကလေးများ ကျောင်းသွားချိန် ခြင်မကိုက်စေရန် ကြိုတင်ပြင်ဆင်ပေးရန်၊ အိမ် ရှိ ခြုံ အမှောင် ခြင်ခိုအောင်းနိုင်သောနေရာများကို ရှင်းလင်းပေးရန် လိုအပ်ပါတယ်။

“အားလုံးတူတူ ဆောင်ရွက်မှ သွေးလန့်ခြင်းကို နိုင်မယ်ဗျ” အသက် အရွယ်မရွေး ဖြစ်နိုင်လို့ တူတူပေါင်းပြီး ကာကွယ်စို့

ဒေါက်တာစု

Add a Comment

Your email address will not be published. Required fields are marked *

16 + 3 =