ဟန်ပန် အမူအရာလေးတွေ နဲ့ ရိုက်ပြထား တဲ့ အိချောပိုရဲ့ TIK TOK ဗီဒီယိုလေး

ပရိသတ်ကြီးရေ…..ခပ်မိုက်မိုက်ဘော်ဒီ အချိုးအစားလေးကြောင့် ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ မင်းသမီးလေးအိချောပိုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာပျိုးခင်းကနေ မြေတောင်မြှောက်ပေးလိုက်ပြီး အောင်မြင်ကျော်ကြားလာတဲ့မင်းသမီးများထဲက တစ်ယောက်အပါအဝင်လည်းဖြစ်ပြီး ရုပ်ရှင်ကားကြီးပေါင်းများစွာကိုလည်း အောင်မြင်စွာ နဲ့ရိုက်ကူးထားနိုင်တဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး….။

အိချောပိုဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း မိန်းကလေးချင်း ပါအားကျနေရတဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားသူပါ။ အိချောပိုဟာ လက်ရှိမှာလည်းကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပြီး မကြာခဏဆိုသလိုလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကိုမျှဝေပေးလေ့ရှိတဲ့အပြင် Tik Tokဗီဒီယိုလေးတွေ ကိုလည်း မျှဝေပေးလေ့ရှိသူဖြစ်ပါတယ်။

အခုဆိုရင်လည်း အိချောပိုဟာပန်းနုရောင်မြန်မာဝတ်စုံလေးနဲ့ ရတနာမိုင်ရဲ့သီချင်းလေးကို ချစ်စရာအမူအရာလေးတွေနဲ့လုပ်ပြီးရိုက်ထားတဲ့ Tik Tokဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်။ အိချောပိုဟာ ဒီဗီဒီယိုလေးကိုသူမရဲ့ Facebook my dayလေးမှာတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ei Chaw Po’s Facebook acc