ကိုယ်ကျပ် ဖက်ရှင် အလန်းစားလေး နဲ့ တစ်ပုံချင်းစီတိုင်း မှာ ဆွဲဆောင်မှု ရှိတဲ့ အလှတရားတွေ ပေါ်လွင်နေ တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ အနုပညာ အလုပ်တွေ ကို နှစ်နဲ့ချီကြာအောင် လုပ်ကိုင် လာခဲ့သူလေးဖြစ်ပြီး ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ရုပ်ရည်လေးက ချောမောလှပတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်လည်းလှတဲ့ သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ အရမ်းရေပန်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သင်ဇာက ကြော်ငြာတွေ အများဆုံး ရိုက်ကူးနေသလို Photo Shooting တွေလည်း ရိုက်နေရတာ ဖြစ်ပါတယ်။

လူငယ်လေးတစ်ယောက်လို အမြဲတမ်း လန်းဆန်း တက်ကြွ နေတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ခန္ဓာကိုယ်အလှအပအတွက် အားကစား သေချာလုပ်ပြီး ထိန်းသိမ်းထားနိုင်တာပဲ ဖြစ်ပါတယ် ။ သင်ဇာရဲ့Body လေးက လုံးဝအမိုက်စားဖြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တင့်တယ်ပြီး ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာက ကိုယ်ကျပ် ဝတ်စုံလေးကို ယုံကြည်မှုရှိရှိ ဝတ်ဆင်ထားပြီး အမိုက်စား ပို့စ်တွေပေးကာ ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ် ။

ညှို့အားပြင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ဖမ်းစားနိုင်စွမ်း ရှိတဲ့ သင်ဇာက မြင်သူငေး ရလောက်အောင် လှနေရက်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက ဝင်းဝါစိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ခရမ်းရောင်ဖက်ရှင်လေးနဲ့လည်း အရမ်းလိုက်ဖက်နေတာ ဖြစ်ပါတယ် ။ ကဲ တစ်ပုံချင်းစီတိုင်းမှာ စွဲမက်ဖွယ်ကောင်းလောက်အောင် လှနိုင်လွန်းတဲ့ သင်ဇာဝင့်ကျော် ရဲ့ အလန်းစားပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Thinzar Wint Kyaw’s FB Acc

zawgyi



