တယ်လီဖုန်းက တဆင့်လျှပ်စစ်စီး ရာမှ စပါးလှန်းနေသော အမျိုးသားတစ်ဦး မိုးကြိုး ထိမှန်သေဆုံး



Credit:Zin Moe

unicode

စပါးလှန်းနေသော အမျိုးသား တစ်ဦး မိုးကြိုး ထိမှန်ပြီး သေဆုံး သွားခဲ့သည့် ဖြစ်စဉ်တခု တောင်ငူ ခရိုင် ၊ အုတ်တွင်းမြို့နယ် မှာမေ ၁၃ ည (၄) နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။အုတ်တွင်းမြို့နယ် ၊ ကြက်တက်ညောင်ပင် တောင်ဘက် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃ /၆ တွင် စပါးလှမ်းနေရာမှ မိုးကြိုး ထိမှန် ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ သည် အုတ်တွင်းမြို့နယ် ၊ ကြက်တက်ညောင်ပင်ကျေးရွာနေ ကိုဝင်းကြိုင် ဆိုသူဖြစ်ပြီး ၎င်း၏ တယ်လီဖုန်း မှတဆင့် လျှပ်စစ်စီးရာမှ သေဆုံးခဲ့သည်ဟု အခင်းဖြစ် အနီးဝန်းကျင် ဒေသခံများကသုံးသပ် ထားကြကြောင်းသိရသည်။အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး အုတ်တွင်းမြို့ မ ရဲစခန်းတွင်သေမှုသေခင်ဖွင့်ဆိုကာ မည်သည့်အတွက်ကြောင့် သေဆုံးခြင်းရခြင်း ဖြစ်ကြောင်း ဆက်လက် စစ်ဆေးဆောင်ရွက် ထားကြောင်းသိရသည်။

Credit:Zin Moe

Add a Comment

Your email address will not be published. Required fields are marked *

two + six =