ရွှေမုဋ္ဌော စေတီ၊ ခရစ်ယာန် ဘုရားကျောင်းနှင့် ဗလီများ ပုသိမ်တွင် ပြန်ဖွင့်

ရွှေမုဋ္ဌော စေတီ၊ ခရစ်ယာန် ဘုရားကျောင်းနှင့် ဗလီများ ပုသိမ်တွင် ပြန်ဖွင့်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ရွှေမုဋ္ဌော စေတီတော်၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း(၈) ကျောင်းနဲ့ ဗလီ(၁၄)လုံး ကို စည်းကမ်းနဲ့အညီ ပြန်ဖွင့်ခွင့်ပြုလိုက်ပြီလို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

ဖွင့်ခွင့်ပြုထားတာတွေ ကိုတော့ အာမခံထားတဲ့အတိုင်း ရောဂါစစ်ဆေးရေး၊ ကျန်းမာရေး စစ်ဆေးအချက်တွေနဲ့ အညီလုပ်ဆောင်ပြီးဖွင့်ရမယ် ဖြစ်တယ်လို့လည်း ဦးကျော်မြင့်က ပြောပါတယ်။ သတ်မှတ် စည်းကမ်းတွေကို မလိုက်နာရင်တော့ ပြန်ပိတ်သိမ်းမယ့်အကြောင်း သတိပေးထားတယ် လို့လည်း သိရပါတယ်။

“ဖွင့်မယ်ကြားထားတယ်၊ ရွှေမုဋ္ဌောစေတီတော် ကတော့ မနက်(၈)နာရီကနေ ညနေ(၄)နာရီအထိဖွင့်မှာပါ။ တက်ရောက်ဖူးမျှော်ရာမှာ လိုက်နာရမယ့်စည်းကမ်းတွေကို မုဒ်ဦးလေးခုမှာ ကြေညာချက်ကပ်ထားပါတယ် “ လို့ ပုသိမ်ဒေသခံ တဦးက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ပြန်အသက်ဝင်လာဖို့ ဖြေလျှော့မှု နောက်တစ်ဆင့်အဖြစ် ဘုရားတွေနဲ့ ပြတိုက်တွေကို Social Distancing နဲ့ ပြန်ဖွင့်ခွင့်ပြုရင် ပြည်တွင်းခရီးသွားတွေ စတင်သွားလာကြပြီး ခရီးသွားလုပ်ငန်း ပြန်အသက်ဝင်လာဖို့မျှော်လင့်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ပြည်ထာင်စု ဝန်ကြီးက ပြောကြား ထားပါသေးတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

2 × two =