မိဘတွေရဲ့ အုတ်ဂူကိုသွားရောက်ကာ အလွမ်းပြေသီချင်းဆိုပြခဲ့တဲ့ စိတ်မကောင်းဝမ်းနည်းဖွယ် “အိုင်းရင်းဇင်မာမြင့်” ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေအိုင်းရင်းဇင်မာမြင့်ကတော့ သီချင်းကောင်းတွေကို သီဆိုရင်း ဂီတလောကမှ ာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်။သူမငယ်စဉ်ကတည်းက အဖေဖြစ်သူဆုံးပါးသွားပြီးး မိခင်ပဲအတူနေခဲ့ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်းမိခင်ဖြစ်သူ ဆုံးပါးသွားတာကြောင့် အခုဆိုရင် မိဘ မရှိတဲ့သူ တစ်ယောက်ဖြစ်နေလို့အရမ်းဝမ်းနည်းနေတာပဲဖြစ်ပါတယ်။အဖေရော အမေရောမရှိတဲ့အပြင် ကိုယ်ပိုင်မိသားစုလည်း မရှိသေးတဲ့ အိုင်းရင်းဇင်မာမြင့်ဟာ နေ့စဉ်နဲ့ အမျှ သူမရဲ့ မိဘတွေကို သတိရတမ်းတနေရှာတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂) ရက်နေ့မှာလည်း အိုင်းရင်းဇင်မာမြင့်က “All Souls Day သတိရတယ် ဖေဖေနဲ့မေမေ” ဆိုပြီး သူမရဲ့ ဖေဖေနဲ့ မေမေ အုတ်ဂူတွေဆီ ညဘက်ကြီးသွားပြီး သတိတရနဲ့ ဆီမီး အမွှေးတိုင်တွေထွန်းကာ သီချင်းတွေ ဆိုပြနေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ အိုင်းရင်းဇင်မာမြင့် ကတော့ အဖေ၊ အမေနဲ့ ပတ်သက်ပြီး တော်တော်လေး ခံစားချက်ပြင်းထန်သူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိုင်းရင်းဇင်မာမြင့်ရဲ့ ဗီဒီယိုလေး ကိုကြည့်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်သွားကြမယ်လို့ ထင်မိပါတယ်။

Credit;

zawgyi




Credit;