ထိုင္းႏိုင္ငံ တြင္ အခမဲ့ စားစရာယူႏိုင္သည့္ေနရာ မ်ားကို စစ္တပ္က စီစဥ္ေပး

ထိုင္းႏိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေဘး ကာလ ျပည္သူေတြအလုပ္လက္မဲ့ျဖစ္ၿပီး စားေရး ေသာက္ေရး အခက္အခဲျဖစ္ေနတာကို စစ္တပ္က တစ္ဘက္တစ္လမ္းက ကူညီတဲ့ အေနနဲ႔ အခမဲ့ယူစားလို႔ရတဲ့ ေနရာေတြကို စီစဥ္ေပးထားပါတယ္။ခ်င္း႐ိုင္းခ႐ိုင္ မိန္း႐ိုင္းမဟာရတ္ခ်္တပ္မဟာ လက္ေအာက္ခံ ေျချမန္တပ္ရင္းက တပ္ဖြဲ႕ဝင္ေတြဟာ တပ္နယ္ေျမအနီးနားရွိ ရပ္ကြက္ေက်း႐ြာေတြ မွာ မည္သူ မဆို စားစရာေတြ အခမဲ့ယူငင္ စားေသာက္ႏိုင္တဲ့ ေၾကာင္အိမ္ေတြလိုက္လံခ်ထားေပးထားတယ္လို႔ ေမလ ၁၂ ရက္ ခ်င္းမိုင္နယူးစ္ သတင္းမွာ ေဖာ္ျပ ပါတယ္။

အဆိုပါအစီအစဥ္ကို “ ျပတ္လပ္ေနသူ အတြက္ေစတနာအျပည့္နဲ႔ ေပးေဝျခင္း” လို႔ အဓိပၸါယ္ရတဲ့ ေဆာင္ပုဒ္ နဲ႔အတူ အမွတ္ ၃၇ ေျချမန္တပ္ရင္းမွ တပ္ရင္းမႉးဗိုလ္မႉးႀကီး ဆဒ္ခ် နာကန္ ခြန္ယုတ္ယင့္နဲ႔ အမွတ္ ၁၇ တပ္ရင္းမႉးကိုယ္စား ဗိုလ္မႉး ရတ္ခ်တ ေထာက္ခမ္းလူးတို႔က ဦးေဆာင္ၿပီး ခ်င္း႐ိုင္း ခ႐ိုင္ ခ်င္း႐ိုင္းၿမိဳ႕နယ္ လြပ္ဝန္းအုပ္စုမွာေရာ ဒြိဳင္ေထာင္း ရပ္ကြက္ မွာပါခ် ေပးထားပါတယ္။ေၾကာင္အိမ္ ထဲမွာ ဆန္ ၊ ေခါက္ဆြဲေျခာက္ ၊ ႏြားႏို႔ ၊ ေသာက္ေရသန႔္ ၊ ငါးေသတၱာ ၊ မုန႔္ အစရွိတဲ့ စားစရာေတြ အသင့္ထည့္ထားေပးၿပီး လိုအပ္ သေလာက္သာ ယူငင္သြားဖို႔နဲ႔ ေစတနာရွင္ေတြ လာေရာက္ျဖည့္တင္းေပးႏိုင္ေၾကာင္း ေရးသားထားပါတယ္။

ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ၿမိဳ႕အပါအဝင္ ထိုင္ႏိုင္ငံ တဝန္းကၿမိဳ႕ေတြမွာလည္း ပုဂၢလိကအလႉရွင္တခ်ိဳ႕က အခမဲ့စားစရာ ယူငင္ႏိုင္တဲ့ ေၾကာင္အိမ္ေတြ ထားရွိေပးေနတယ္လို႔ သိရပါတယ္ ။ျပည္သူတခ်ိဳ႕က လာေရာက္ယူငင္သြားသလို တခ်ိဳ႕ကလည္း လာေရာက္ျဖည့္ဆည္း ေဝငွေနၾကတယ္လို႔ သတင္း မွာ ေဖာ္ျပပါတယ္ ။

crd : panpyoelat

unicode

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေး ကာလ ပြည်သူတွေအလုပ်လက်မဲ့ဖြစ်ပြီး စားရေး သောက်ရေး အခက်အခဲဖြစ်နေတာကို စစ်တပ်က တစ်ဘက်တစ်လမ်းက ကူညီတဲ့ အနေနဲ့ အခမဲ့ယူစားလို့ရတဲ့ နေရာတွေကို စီစဉ်ပေးထားပါတယ်။ချင်းရိုင်းခရိုင် မိန်းရိုင်းမဟာရတ်ချ်တပ်မဟာ လက်အောက်ခံ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ တပ်နယ်မြေအနီးနားရှိ ရပ်ကွက်ကျေးရွာတွေ မှာ မည်သူ မဆို စားစရာတွေ အခမဲ့ယူငင် စားသောက်နိုင်တဲ့ ကြောင်အိမ်တွေလိုက်လံချထားပေးထားတယ်လို့ မေလ ၁၂ ရက် ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြ ပါတယ်။

အဆိုပါအစီအစဉ်ကို “ ပြတ်လပ်နေသူ အတွက်စေတနာအပြည့်နဲ့ ပေးဝေခြင်း” လို့ အဓိပ္ပါယ်ရတဲ့ ဆောင်ပုဒ် နဲ့အတူ အမှတ် ၃၇ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးဗိုလ်မှူးကြီး ဆဒ်ချ နာကန် ခွန်ယုတ်ယင့်နဲ့ အမှတ် ၁၇ တပ်ရင်းမှူးကိုယ်စား ဗိုလ်မှူး ရတ်ချတ ထောက်ခမ်းလူးတို့က ဦးဆောင်ပြီး ချင်းရိုင်း ခရိုင် ချင်းရိုင်းမြို့နယ် လွပ်ဝန်းအုပ်စုမှာရော ဒွိုင်ထောင်း ရပ်ကွက် မှာပါချ ပေးထားပါတယ်။ကြောင်အိမ် ထဲမှာ ဆန် ၊ ခေါက်ဆွဲခြောက် ၊ နွားနို့ ၊ သောက်ရေသန့် ၊ ငါးသေတ္တာ ၊ မုန့် အစရှိတဲ့ စားစရာတွေ အသင့်ထည့်ထားပေးပြီး လိုအပ် သလောက်သာ ယူငင်သွားဖို့နဲ့ စေတနာရှင်တွေ လာရောက်ဖြည့်တင်းပေးနိုင်ကြောင်း ရေးသားထားပါတယ်။

ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့အပါအဝင် ထိုင်နိုင်ငံ တဝန်းကမြို့တွေမှာလည်း ပုဂ္ဂလိကအလှူရှင်တချို့က အခမဲ့စားစရာ ယူငင်နိုင်တဲ့ ကြောင်အိမ်တွေ ထားရှိပေးနေတယ်လို့ သိရပါတယ် ။ပြည်သူတချို့က လာရောက်ယူငင်သွားသလို တချို့ကလည်း လာရောက်ဖြည့်ဆည်း ဝေငှနေကြတယ်လို့ သတင်း မှာ ဖော်ပြပါတယ် ။

crd : panpyoelat

unicode

Add a Comment

Your email address will not be published. Required fields are marked *

two + 5 =