မြန်မာပြည်မှာ ရာသီတုပ် ကွေးရောဂါ စတင်ဖြစ်ပွား နေပြီး (၁၃) ဦး စတွေ့…

မြန်မာပြည်မှာ ရာသီတုပ် ကွေးရောဂါ စတင်ဖြစ်ပွား နေပြီး (၁၃) ဦး စတွေ့…

ယခုနှစ် ရာသီတုပ် ကွေးရောဂါ (Seasonal Influenza) ဓာတ်ခွဲနမူနာ စစ်ဆေးထားသူ ၁၈၃ ဦးအနက် ၁၃ ဦး တွင် ရောဂါတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြား လိုက်သည်။

“ဒီနှစ်အတွက် ရာသီ တုပ်ကွေး ဓာတ်ခွဲနမူနာ ရရှိမှုက အရမ်းကိုနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကိုပဲ အာရုံစိုက်နေကြတယ်။

နောက်တစ်ခုက ဓာတ်ခွဲနမူနာပေး ပို့ဖို့ လောလောဆယ်မှာလည်း NHL (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန-ရန်ကုန်) အတွက်လည်း ဝန်ပိတာပေါ့။ ပထမပိုင်းမှာ NHL တစ်ခုထဲ စစ်ဆေးရတာဖြစ်တဲ့အတွက်ပါ။ စစ်ဆေးတဲ့နမူနာ စုစုပေါင်းမှာ Positive ဖြစ်တာ ၁၃ ယောက် ရှိပါတယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရောဂါတွေ့ရှိသူ ၁၃ ဦးတွင် ရာသီတုပ်ကွေးရောဂါ၏ ဗိုင်းရပ်စ် အမျိုးအစားများထဲမှ Influenza A H1N1pdm09 ဖြစ်ပွားသူ (၇) ဦး၊ Influenza A/H3 ဖြစ်ပွားသူ (၄) ဦးနှင့် Influenza B ဖြစ်ပွားသူ (၂) ဦးတွေ့ရှိကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင် ခြေအများဆုံး အသက်အရွယ် မှာ အသက် ၁၅ နှစ်မှ ၆၅ နှစ်အတွင်းဖြစ်သော်လည်း ကူးစက်ခံရပါက အသက် ၅ နှစ်အောက်နှင့် ၆၅ နှစ်အထက် အရွယ်များမှာ သေဆုံးနှုန်းမြင့်မားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ကစ၍ ရာသီတုပ် ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၀၆ ဦး၊ ထိုအထဲမှ သေဆုံးသူ ၃၈ ဦး ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပေ။ ၂၀၁၉ ခုနှစ်တွင် လူနှစ်ထောင်ကျော်ကို စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၈၀၆ ဦးနှင့် သေဆုံးသူ ၁၂၈ ဦး အထိ ရှိခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *

5 + 17 =