“ဝိပါက” ဇာတ်လမ်းတွဲရိုက်ကွင်းနောက်ကွယ်က အမှတ်တရဗီဒီယိုလေးတစ်ခုကို မျှဝေခဲ့တဲ့ “သုတအောင်”

ပရိသတ်ကြီးရေ သုတအောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ သုတအောင် ကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့သူပါ။

ဝိပါကဇာတ်လမ်းတွဲမှာ တေဇာအနေနဲ့ ပါဝင်ခဲ့ပြီး ဒီဇာတ်လမ်းတွဲလေးမှာ မထင်မှတ်ထားလောက် အောင်ကို အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။သုတအောင်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝိပါက ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရဗီဒီယိုလေးတစ်ခုကိုမျှဝေဖော်ပြလာခဲ့ပါတယ်။

ဗီဒီယိုလေးကတော့ တေဇာနဲ့ မိခိုင်တို့ ချစ်ကြည်နူးကြတဲ့ အခန်းကိုရိုက်ကူးနေတဲ့အချိန် ရိုက်ကူး ထားတဲ့ ရိုက်ကွင်းနောက်ကွယ်ကဗီဒီယိုလေးပဲဖြစ်ပါတယ်။ တေဇာကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သုတအောင် မျှဝေဖော်ပြခဲ့တဲ့ တေဇာနဲ့ မိခိုင်တို့ရဲ့ ရိုက်ကွင်း ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ဖော်ပြလိုက်ပါတယ်

Source – THUTA AUNG – သုတအောင်

zawgyi



