ပုဂံဘုရား တွေမှာ လိုက်ရှာနေ ကြတယ်လို့ ကောလဟလ ထွက်နေတဲ့ ဒေဝီ (၁၂)ပါး လက်စွပ် ရဲ့ သဲလွန်စ …
|ပုဂံဘုရား တွေမှာ လိုက်ရှာနေ ကြတယ်လို့ ကောလဟလ ထွက်နေတဲ့ ဒေဝီ (၁၂)ပါး လက်စွပ် ရဲ့ သဲလွန်စ …
ဒေဝီ(၁၂)ပါး လက်စွပ်၏ သဲလွန်စ 🤔🧐🙄
ဒေဝီ၁၂ပါးလက်စွပ်ကို ပုဂံဘုရားတွေမှာလိုက်ရှာနေတယ်ဆိုတဲ့ ကောလာဟလကြောင့်ဒေဝီ(၁၂)ပါးဆိုတာ ဘာလဲလို့သိချင်တာနဲ့ စူးစမ်းကြည့်လိုက်တော့…🤔🧐🙄
ဒေဝီ (၁၂) ပါးဂူ
ရှေးရှေးတုန်းက စန္ဒာရဝတီ အမည် ရှိတဲ့ တိုင်းပြည်တစ်ပြည်တွင် သူဌေးလင်မယားရှိသည်။ သားသမီးထွန်းကားခြင်းမရှိသဖြင့် ညောင်ပင်ကြီး တစ်ပင်ရှိရုက္ခစိုးနတ်ကိုတိုင်တည်၍ သားသမီးရရှိရန် သွားရောက်ပသကြသည်။ ထိုသို့ပသပြီး မကြာမီမှာပင်သူဌေးဇနီးသည် တစ်နှစ် လျှင် သမီးတစ်ဦးကျ ဆက်တိုက်မွေးဖွားရာ စုစုပေါင်းသမီး(၁၂)ယောက်မွေးဖွားခဲ့သည်။
ညီအစ်မ(၁၂)ယောက် အနည်းငယ် အရွယ်ရောက်လာချိန်တွင် သူဌေးကြီး၏ဇနီးမကျန်းမမာဖြစ်၍ဆုံးပါးသွားသည်။ တစ်ပင်လဲမူ တစ်ပင်ထူဆိုသောစကားအတိုင်း သူဌေးကြီးသည် နောက်အိမ်ထောင်ပြုလိုက်သည်။
မိထွေးသည် သမီး(၁၂)ယောက်ကို မကြည်ဖြူ ဘဲတစ်နေ့တစ်ခြား အမုန်းပွါး လာရာ၊သမီးများကိုပိုချစ်လျှင် သူမအားကွာရှင်းရန်၊သူမိုပိုချစ်လျှင်သမီးများကိုစွန့်ပစ်ရန်မိထွေးကသူဌေးကြီးကိုတောင်းဆိုသည်။သူဌေးကြီးက သမီးများကို ဇနီးအလိုကျ စွန့်ပစ်မည်ဟုပြောသည်။
နောက်တစ်နေ့ရောက်သောအခါသူဌေးကြီးကသမီးများကို ခေါ်ယူပြီး တောတွင်းတစ်နေရာရှိ သီတာအင်းတွင် ရေသွားချိုးမည်။ သီတာအင်းရေကိုချိုးရသူတိုင်းရုပ်ရည်လှပမည် ဟုလိမ်ညာပြောဆို ၍တောတွင်းသို့ခေါ်ဆောင်သွားပြီး လမ်းမမှတ်မိနိုင်သည့်တောတွင်း တစ်နေရာရောက်သောအခါ သမီးများသောက်ရန် ရေသွား ခပ်ပေးမည်၊ဤနေရာတွင်စောင့်နေကြပါ ဟုပြောဆိုပြီး သမီး(၁၂)ယောက်အားထားရစ်၍ ထွက်ခွာသွားပြီး ပြန်မလာတော့ပေ။
သမီး(၁၂)ယောက် တို့သည် ဖခင်ကိုစောင့်မျှော်သော် လည်းပေါ်မလာ။ အပြန်လမ်းစရှာသော်လည်း လမ်းစမမြင်ရ၊တောထဲတွင်တစ်ဝဲလည်လည်နှင့် ဝမ်းနည်းစွာ ဟစ်အော်ငိုကြွေးကြရှာသည်။ လမ်းစရှာရာမှတောတွင်းတစ်နေရာတွင် စမ်းချောင်းတစ်ခုတွေ့ရှိပြီး ဝမ်းစာအလို့ငှာ ယင်းချောင်းအတွင်းသို့ဆင်းပြီး ကိုယ်စီငါးဖမ်းကြသည်။ သမီး(၁၁)ယောက် ဖမ်း၍ရရှိသောငါးကို မျက်လုံး(၂)ဖက်ဖောက်၍သီကြသော်လည်း ညီမအထွေးဆုံးသည် ကျွမ်းကျင်မှုမရှိသဖြင့် ငါး၏မျက်လုံး(၁) ဖက်ကိုသာသီခဲ့သည်။
ထိုအချိန်တွင် ယက္ခပူရတိုင်းပြည်မှဘီလူးမသည် လူ့အသွင်ပြောင်းပြီး ညီမ(၁၂)ဖော်ကိုတွေ့ဆုံရာညီမ(၁၂)ဖော်ထံမှအကြောင်းစုံ သိရပြီး ညီမ(၁၂)ဖော်ကို ကူညီမည်ဟုပြောဆို၍ မိမိနှင့်ခေတ္တနေထိုင်ရန်ဟုပြောပြီး ညီမ(၁၂) ဖော်အား မိမိ၏ဂေဟာရှိရာ ယက္ခပူရပြည်သို့ ခေါ်ဆောင်သွားလေသည်။
ဘီလူးမဂေဟာသို့ရောက်သော် ဘီလူးမ၏ သမီးနှင့် အဖော်ပြုပေးရပြီး ရောက်စတွင်ပျော်ရွှင်ကြပါသည်။ဘီလူးမသည် မိမိဂေဟာမှထွက်ခွာသည့်အခါတိုင်း ညီအမ(၁၂)တို့ ဟိုဟို ဒီဒီလျှောက်မသွားကြရန် အမြဲမှာကြားလေ့ရှိသည်။
တစ်နေ့သောအခါ ဘီလူးမမရှိခိုက် ညီအမ(၁၂)ဖော်တို့ ဟိုဟို ဒီဒီလျှောက်သွားရာ တွင်းကြီးတစ်တွင်းတွေ့ရှိရပြီး ယင်းတွင်းထဲတွင်လူ့အရိုးအပုံကြီး
တွေ့ရသဖြင့်မိမိတို့ရောက်ရှိသောနေရာသည်ီလူးတိုင်းပြည် ဖြစ်ကြောင်း သိရပြီးလွန်စွာထိတ်လန့်တုန်လှုပ်သွားကြသည်။
ထို့ကြောင့်ညီမ(၁၂)ဖော်တို့ ဘီလူးမမရှိခိုက်ထွက်ပြေးကြလေတော့သည်။ ဘီလူးမအိမ်သို့ရောက်ာအခါညီမ(၁၂)ဖောိုမတွေ့ရတော့သဖြင့် ခြေရာခံလိုက်ရှာသောအခါတောနက်ကြီးတစ်နေရာတွင်တွေ့ရှိခဲ့သည်။
ညီအစ်မ(၁၂)ဖော်အား ဘီလူးမမှီလုမီခင် အချိန်တွင်အနီးရှိနွားမင်းထံ သွားရောက်အကူအညီတောင်းခံရာ နွားမင်းကနောက်လိုက်နွားများကို ခေါ်ယူ၍ဘီလူးမလာရာလမ်းမှ ဆီးကြို၍ ဘီလူးမကိုဝှေ့ရမ်းတိုက်ခိုက်သဖြင့် ဘီလူးမထွက်ပြေးရသည်။
နွားမင်းသည် ညီအမ(၁၂)ဖော်အား ဦးဆောင်လမ်းပြပြီး လူတို့၏တိုင်းပြည်ဖြစ်သည့် မဟာနာဂရမြို့၏မြို့ဦးအဝင် ညောင်ပင်ကြီးအောက်သို့ ပို့ဆောင်ပေးသည်။
ထိုအချိန်တွင်မဟာနာရပြည်တွင်မိဖုရားမရှိသေးဘဲ မှူးးမတ်များရှာဖွေနေ ချိန်ဖြစ်ရာရုပ်ရည်ရူပကာယချောမောသာ ညီမ(၁၂)ဖော်ကိုတွေ့မြင်ကြရပြီးသောအခါ မဟာနာဂရပြည်စတုရမ္မမင်းထံသံတော်ဦးတင်ကြသည်။
စတုရမ္မမင်းသည် ညီမ(၁၂)ဖော်အား ခေါ်ယူရန် ချက်ခြင်း အမိန့်တော်ချမှတ်ရာ မှူးမတ်များသည်ညီအမ(၁၂)ဖော်အားမြင်းရထားဖြင့် သွားရောက်ကြိုဆိုကြသည်။
ထို့နောက် စတုရမ္မမင်းသည်မင်္ဂလာ သဘင်ကို ခုနစ်ရက်ခုနစ်လီ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပြီး ညီမ(၁၂)ဖော်ကိုမိဖုရားအရာ ချီးမြှောက်လေတော့သည်။
ဘီလူးမသည် ညီမ(၁၂)ဖော်လွတ်မြောက်သွားသည်ကို တွေးမိလေတိုင်း အခဲမကြေဖြစ်ခဲ့ရပြီး ညီမ(၁၂)ဖော်တို့မိဖုရားဖြစ်နေကြောင်းစုံစမ်းသိရှိ သွားသည်။
ထိုနောက် ဘီလူးမသည်ရုပ်ဆင်းအလွန်လှပသော အမျိုးသမီးငယ်အဖြစ်ဖန်ဆင်းပြီး မဟာနာဂရမြို့အနီးတွင်နေ့စဉ်သွားလာရာ လူအများသတိပြုမိပြီးစတုရမ္မမင်း၏ နားသို့ပေါက်ကြားသွားသည်။ရုပ်ရည်အလွန်ချောမောသော အမျိုးသမီးကို သွားရောက်ကြိုဆိုရန် စတုရမ္မမင်းကမိန့်ကြားသဖြင့် မှူးမတ်တို့က သွားရောက်ကြိုဆိုကြသည်။
ညီမ(၁၂)ဖော်ထက်ရုပ်ရည်ရူပကာယချောမောသည်ကိုတွေ့မြင်ရသောအခါ လူဖန်ဆင်းထားသော ဘီလူးမကိုစတုရမ္မမင်းကမိဖုရားခေါင်အရာ တင်မြှောက်လိုက်သည်။ထိုသို့နေထိုင်လာရာမှ နှစ်အနည်းငယ်ကြာလာသောအခါ တစ်ညသောသန်းခေါင်ယံအချိန်တွင်ဘီလူးမသည် နန်းတော်အတွင်းရှိလူများ နိုးမရအောင် ဂါထာဖြင့် မန်းမှုတ်၍ ဒေဝီ(၁၂)ပါး၏ မျက်လုံးများကို သွားရောက်ဖောက်ထုတ်သည်။
ကမန်းကတမ်း ဖောက်ထုတ်ရသဖြင့် အထွေးဆုံး ညီမ၏ မျက်လုံးတစ်လုံးကိုသာ ဖောက်ထုတ်နိုင်သည်။ဘီလူးမသည်မျက်လုံး(၂၃)လုံးကိုရက္ခပူရတိုင်းပြည်သို့သွားရောက်ထားကာစတုရမ္မမင်း၏ နံဘးသို့ ဟန်မပျက်အိပ်စက်သည်။ဒေဝီ(၁၂)ပါးအိပ်ရာမှနိုးလာသောအခါ မျက်စိအလင်းမရကြသဖြင့် ဝမ်းနည်းစွာငို ကြသည်။
စတုရမ္မမင်းသည် ကျယ်လောင်သောငိုသံကိုကြားသဖြင့် မိဖုရားခေါင်အား မေးမြန်းရာမိဖုရားလေးများသည် စုန်းမများဖြစ်ကြသဖြင့်သူတို့အချင်းချင်း မျက်လုံးဖောက်စားကြသည်ဟုဖြေကြားသည်။ စတုရမ္မမင်းသည် မိဖုရားခေါင်၏ ဂုံးချောစကားကိုကြားရသောအခါ ထိုစကားကို ယုံကြည်ပြီး လွန်စွာထိတ်လန့်ခြောက်ခြားသွားသဖြင့် မနက်လင်းသည်နှင့် ဒေဝီ(၁၂)ပါးကို တောကြီးတစ်နေရာသို့ ပို့ဆောင်စွန့်ပစ်ရန်အစေအပါးများကိုစေခိုင်းလေသည်။
စွန့်ပစ်ခြင်းခံရသဖြင့်ဒေဝီ(၁၂)ပါးသည် တောတွင်း တစ်နေရာရှိ ဂူတစ်လုံးတွင်နေထိုင်ခဲ့ကြရသည်။ စတုရမ္မမင်းနှင့်ရရှိသော ကိုယ်ဝန် တစ်ဖြေးဖြေးရင့်မာလာရာအချိန်တန်သောအခါ ဒေဝီ(၁၂)ပါး ရှေ့ဆင့် နောက်ဆင့်ခလေးမျက်နှာမြင်ကြသည်။ခလေးများအဖတ်မတင်သော်လည်း အထွေးဆုံး ဒေဝီလေး၏ ခလေးသာ အသက်ရှင်ခဲ့သည်။
အထွေးဆုံးဒေဝီ၏ ပြုစုစောင့်ရှောက်မှုဖြင့်သားတော်လေး တစ်နေ့တစ်ခြားကြီးပြင်းလာပြီး မယ်တော်နှင့်အတူ သစ်သီးသစ်ဖုများကိုရှာဖွေ၍ ကြီးဒေါ်(၁၁)ဖော်အား ကျွေးမွေးခဲ့သည်။ရှာဖွေရရှိလာသော သစ်သီးသစ်ဖုများကို ဂူဝတွင်အတူတကွ ပျော်ရွှင်စွာနေ့စဉ်စားသောက်ကြသည်။လိမ္မာရေးခြားရှိသော သားတော်ဖြစ်သဖြင့်မိခင်ကိုကူညီလုပ်ကိုင်ပေးပြီး အားလပ်ချိန်တွင်မြို့တွင်းသို့သွား၍ ဒိုးပစ်ကစားလေ့ရှိသည်။
ဒိုးပစ်ရာတွင် သားတော်ကိုမည်သူမျှအနိုင်မကစားနိုင်။လောင်းကြေးထပ်ကစား၍နိုင်သောအခါရွှေစငွေစကိုမယူ၊ထမင်းဟင်း(၁၂)ထုပ်ကိုသာယူလေ့ရှိသဖြင့် သားတော်သည် ဒေဝီ(၁၃)ပါး၏ ရင်သွးဖြစ်ကြောင်း ဘီလူးမရိပ်မိသိရှိသွားတော့သည်။သားတော်သည် ဒေဝီ(၁၂)ပါးတို့၏ သားဖြစ်ကြောင်း သိရှိသွားသဖြင့် ဘီလူးမမိဖုရားခေါင်သည်သားတော်ကိုသတ်ရန် နည်းလမ်းရှာတော့သည်။
တနေ့သောအခါ ဘီလူးမသည် သားတော်ကိုခေါ်ယူပြီး ယက္ခပူရပြည်သို့ စာတစ်စောင်ပို့ရန်တာဝန်ပေးသည်။တာဝန်ကိုဆောင်ရွက်၍ တိုင်းပြည်သို့ပြန်ရောက်လာလျှင်သူကောင်းပြု မည်။တာဝန်ကိုထမ်းဆောင်ရန် ငြင်းဆန်လျှင် ကြီးလေးသောအပြစ်ဒဏ်ပေးမည် ဟုဆိုသဖြင့်သားတော်လည်း ငြင်းဆန်ရန် မဝံ့တော့သဖြင့်စာချွန်ကိုယူပြီး ချက်ခြင်းပင်မြင်းစီး၍ ခရီးနင်တော့သည်။
တောတောင်လျှိုမြောင်အသွယ်သွယ်ဖြတ်သန်းပြီး ခရီးနင်ခဲ့ရာ မိုးချုပ်သွားသဖြင့် တောအုပ်တစ်နေရာရှိ ရသေ့တပါး၏ ကျောင်းသင်္ခန်းတွင် တစ်ညတာအိပ်စက်နားခိုရန် ရှင်ရသေ့ထံခွင့်တောင်းသည်။
မင်းသားလေး မောမောပန်းပန်းနှင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်တွင် ရသေ့သည်မင်းသား၏ပုံပန်းကိုအကဲခပ်၍ ဘုန်းကံကြီးမည့်သူဖြစ်မည်ဟုကောက်ချက်ချ ကာ မင်းသားလေးယူဆောင်လာသောစာချွန်ကိုဖတ်ကြည့်ရာ
` အမေ့သမီးဤသူငယ်လေး ညအခိန်ရောက်လ်ွင် မနက်စာအျဖစ်သုံးဆောင် လိုက်ပါ၊ မနက်ရောက်လ်ွင်ညစာအျဖစ်သုံးဆောင်လိုက်ပါ´
ဟုရေးထားသည်ကိုတြေ့ရသည်။
ရှင်ရသေ့သည် မင်းသားလေးကိုသနားသဖြင့်
` အမေ့သမီးဤသူငယ်လေး ညအချိန်ရောက်လျှင်နံနက်အချိန်မင်္ဂလာဆောင်နှင်းပါ၊နံနက်ရောက်လျှင် ညမင်္ဂလာဆောင်ပါ´ဟုပြင်ရေးလိုက်သည်။
မင်းသားသည် နံနက်မိုးလင်းသည်နှင့် ခရီးဆက်ရာယက္ခပူရတိုင်းပြည်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားသည်။မိဖုရားခေါင် ဘီလူးမကြီး ပါးလိုက်သောစာချွန်လွှာကိုပေးအပ်ရာ ဘီလူးမသမီးဖတ်ရှုပြီး ဝမ်းသာစွာဖြင့် မင်းသားလေးကိုကြိုဆိုလျှက် ချက်ခြင်းပင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပတော့သည်။
အတူနေထိုင် ပေါင်းသင်းသည့်ကာလကြာလာသည်နှင့်အမျှဘီလူးမင်းသမီး သည်မင်းသားလေး အပေါ်ယုံကြည်မှုရှိလာသည်။ တနေ့သောအခါ ဘီလူးမင်းသမီးသည် မင်းသားလေးအားဂေဟာအတွင်းရှိ ပစ္စည်းပစ္စယများလိုက်လံပြသရာ အသက်ဇီဝိန်စောင်း၊ဆေးရည်စိမ်ထားသောမျက်လုံး(၂၃)လုံးစသည်တို့တွေ့ရသည်။တဖန်ဥယျာဉ်တော်အတွင်း မီးဂမုံး၊ရေဂမုံး၊ရွှံ့ဂမုံး၊သီတာရေစင် စသည်တို့ကိုတွေ့ရှိပြီး စိတ်တွင်မှတ်သားထားသည်။
တနေ့တွင် မင်းသားသည် ပရိယာယ်သုံးပြီးဇီဝိန်စောင်း၊မျက်လုံး၊သီတာရေစင်နှင့်ဂမုံးရွက်များကိုယူဆောင်လျှက် မဟာနာဂရပြည်ရှိရာအရပ်သို့ထွက်ပြေးသည်။
ဘီလူးမင်းသမီးနှင့်နောက်လိုက်နောက်ပါများ မင်းသားလေးနောက်သို့ထပ်ချပ်မခွာလိုက်နိုင်သော်လည်းမင်းသားလေးပစ်ပေါက်သော ရေဂမုန်း ရွှံ့ဂမုံးအဟန့်အတားကိုသာ ဘီလူးများခက်ခဲစွာကျော်ဖြတ်နိုင်ပြီး မီးဂမုံးကြောင့်ဖြစ်ပေါ်သော ထုထည်ကြီးမားသောမီးတောက်မီးလျှံကိုမူ ကျော်ဖြတ်ရန်မစွမ်းဆောင်နိုင်တော့သဖြင့်ဘီလူးမင်းသမီး သည်စိတ်ထိခိုက်၍ ငိုကြွေးမြည်တမ်းလျှက် ရင်ကွဲနာကျသေဆုံးသွား ရှာသည်။
မင်းသားသည် မဟာနာဂရတိုင်းပြည်သို့ပြန်ရောက်သွားသောအခါ ဦးစွာ မိခင်နှင့်ကြီးဒေါ်များ နေထိုင်ရာဂူသို့ သွားရောက်ပြီး မိခင်နှင့်ကြီးဒေါ်တို့၏မျက်လုံးများကို ပြန်လည်တပ်ဆင်ပေးကာသီတာရေစင်ဖြင့် ပက်ဖြန်းပေးလိုက်သည်။မျက်စိများ အကောင်းပကတိအတိုင်းအလင်းရကြ၍ မိခင်နှင့်ကြီးဒေါ်များ ဝမ်းသာကြသဖြင့် ပျော်ရွှင်ရယ်မောသံများ တစ်ဂူလုံးဆူညံသွားပြီး မင်းသားအတွက်လည်းဂုဏ်ယူကြသည်။
နောက်တစ်နေ့ကူးသောအခါ မင်းသားသည်အသက်ဇီဝိန်စောင်းကိုပိုက်၍ နန်းတော်သို့သွားရောက်ကာ မိဖုရားခေါင်က စာချွန်လွှာပို့ခိုင်းသည်မှအစပြု၍ ဖြစ်ကြောင်းကုန်စင်ကို စတုရမ္မမင်းထံသံတော်ဦးတင်သည်။ထို့နောက် အသက်ဇီဝိန်စောင်းကြိုးကို လျှော့ပြရာမိဖုရားခေါင်ဘီလူးမ၏ရုပ်ရည်သည် မယုံနိုင်စရာ အိုမင်းရင့်ယော်ပြီးအစွယ်ငွားငွားနှင့် ဘီလူးမရုပ်သွင်သို့ ပြောင်းသွားသည်။
အသက်ဇီဝိန်စောင်းကြိုး ပြန်လည်တင်းရာ ငယ်ရွယ်နုပျို လှပသော အမျိုးသမီးရုပ်သွင်သို့ပြောင်းလဲသွားပြန်သည်။စောင်းကြိုးကို တင်းသည်ထက်တင်းအောင်တင်းလိုက်သောအခါ အစွယ်ငွားငွားနှင့်ကြီးမားသော ဘီလူးမခန္ဓာကိုယ်အသွင်ပြောင်းသွားသည်။ပြတ်သည်အထိ စောင်းကြိုးကို တင်းလိုက်သောအခါ ဘီလူးမသည် လဲကျသေဆုံးသွားသည်။ထိုအဖြစ်အပျက်ကို တွေ့မြင်ရသော မင်းမှုထမ်းများနှင့် တိုင်းသူပြည်သားများ အဖြစ်မှန်ကိုသိရှိကြပြီး အံ့သြထိတ်လန့်သွားကြပါသည်။
စတုရမ္မမင်းက မင်းသားလေး သည် မိမိ၏သားတော် ဖြစ်ကြောင်း သိရှိရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ချက်ခြင်းပင် အိမ်ရှေ့မင်းအရာ အပ်နှင်းပေးလိုက်သည်။
တဖန်ဂူတစ်လုံးတွင်စံမြန်းနေသောဒေဝီ(၁၂)ပါးကိုလည်း နန်းတော်အတွင်းသို့ ပြန်လည်ကြိုဆိုခေါ်ယူပြီး မိဖုရားအရာနှင့်အဆောင်အယောင်များပြန်လည်ပေးအပ်တော့သည်။ထိုအချိန်မှစ၍ ဒေဝီ(၁၂)ပါးနှင့်မင်းသားလေးတို့နန်းတော်တွင်ပျော်ရွှင်စွာနေထိုင်သွားကြပါသည်။
ဘီလူးမ၏ခန္ဓာကိုယ်အလွန်ကြီးမားလှသဖြင့်အပိုင်း ပိုင်းခုတ်ဖြတ်ကာ လှည်းဖြင့်တင်ဆောင်၍မြို့ပြင်သို့သွားရောက်စွန့်ပစ်သည်။စွန့်ပစ်ရာလမ်းတစ်နေရာရှိတောင်ကုန်းတစ်ခုတွင် ဘီလူးမ၏အသားတုံးအချို့ဖိတ်ကျသဖြင့် ထိုနေရာကို(လွိုင်ဟေ)ဟုခေါ်ပြီး ကာလကြာသော်(လွိုင်ဝေ=လွိုင်မြေ)ဖြစ် လာသည်။
ဘီလူးမသွေးစီးကျ၍ဖြစ်ပေါ်လာသောအင်း=နောင်ချောဝ်း၊ ကာလကြာသော်(နောင်ကျောဝ်း=နောင်ကျော့)ဖြစ်လာသည်။ဘီလူးမအရိုးအသားသွေးစိမ်သောတောင်နှင့်အင်းကို(လွိုင်စယ်တောင်၊လွိုင်စယ်အင်း)ဟုခေါ်သည်။ စာချွန်လွှာပြင်ဆင်ရေးသားသောတောင်ကုန်း(လွိုင်မဲတဲမ်)ကြာသော်(လွိုင်မြိုင်းတဲမ်)။
ဒေဝီ(၁၂)ပါးနေထိုင်ရာဂူ=ထမ်နန်းဆိပ်းဆောင်၊
ဒေဝီ(၁၂)ပါးထဲမှ အထွေးဆုံးဒေဝီ မိဖုရားသည်သားစဉ်မြေးဆက် အသက်ရှည်ခဲ့သဖြင့် ယင်းမိဖုရားကိုအကြောင်းပြု၍ (မိန်းနိုင်း)၊မြန်မာ အသံထွက်(မိုးနဲ)ဖြစ်သည်။မိုးနဲမိဘုရားတွင်ရှိသော ဒေဝီ(၁၂)ပါး လက်စွပ်ဖြစ်လေသတည်း🧐🙄🤔😁
စစ်သွေး