ကျော့ရှင်း လှပတဲ့ ခန္ဓာကိုယ် အချိုးအစား လေး နဲ့ မှင်သက် သွားရလောက် ကို လှနေတဲ့ အိချောပို

ပရိသတ်ကြီးရေ…..အနုပညာပျိုးခင်း ကနေ မြေတောင်မြှောက်ပေး လိုက်ပြီး အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးများထဲတွင် အိချောပိုတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်နော်။သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း အောင်မြင်အောင်ရိုက်ကူးထားခဲ့သူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေ အထိပါ ရိုက်ကူး အောင်မြင်လာတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်းဖြစ်ပါတယ်။

အိချောပိုပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာ ဆိုရင်လည်း ပရိတ်သတ် အားပေးမှုအပြည့်အ၀ ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းတွေပဲဖြစ်ပါတယ်နော်။ ဒါ့ပြင်အိချောပိုဟာ နာမည်နဲ့လိုက်အောင်ကို တစ်နေ့တခြားပိုပြီး ချောမောလှပနေတာဖြစ်ပြီး သူမရဲ့ကိုယ်လုံးလေးဟာဆိုရင်လည်း လုံးဝအမိုက်စားလေးပါနော်။ အိချောပိုဟာအခု လက်ရှိမှာ ဆိုရင်လည်း ကြော်ငြာတွေ၊photo shootingတွေအဆက်မပြတ် ရိုက်ကူးနေတာဖြစ်ပါတယ်။

အိချောပိုဟာ မကြာသေးမီက သူမရဲ့ Instagram accမှာ ရိုးရှင်း လှပတဲ့မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ပုသိမ်ထီးလေးနဲ့ရိုက်ထားတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမရဲ့လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးဟာလည်း မြန်မာဝတ်စုံလေးနဲ့ တကယ်ကိုလိုက်ဖက်နေတာပါနော်။ ကဲ…..ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Photo credit-Ei Chaw Po’s Instagram acc

unicode




Photo credit-Ei Chaw Po’s Instagram acc