မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ရိုက်စား လုပ်နေတဲ့ ဘောနပ် ကိုယ်တော်များ

မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ရိုက်စား လုပ်နေတဲ့ ဘောနပ် ကိုယ်တော်များ

ဘောနပ်ကိုယ်တော်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ကျောက်မဲ-နောင်ချိုကြား၊ ကျောက်မဲ-သီပေါကြားနဲ့ သီပေါ-လားရှိုးကြားက မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ဘေးမှာ ကားဘောနပ်ဖုံးဖွင့်ပြီး ဖြတ်သန်းသွားလာနေကြတဲ့ ကားကြီးကားငယ်ကအစ ဆိုင်ကယ်ပါ မကျန်တားပြီးတော့ အလှူခံနေတဲ့အဖွဲ့ ဖြစ် ပါတယ်။

အမှန်တကယ် ခရီးသွားလာရင်း ကားပျက် လို့ အခက်အခဲ ဖြစ်နေတဲ့ ရဟန်းတွေ မဟုတ်ဘဲတစ်ရက်ကို တနေရာရွေ့ အလှူခံနေကြတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒေသတွင်းက ရဟန်းတွေမဟုတ်ပါဘူး။ ကားဘောနပ်ဖုံးဖွင့်ထားပြီး ကားကို လက်ညိုးထိုးပြကာ ဆီပျက်တယ်။ အင်ဂျင်ပျက်သွားတယ် စသည်ဖြင့် အကြောင်းပြပြီးအလှူခံပါတယ်။

ကားဆရာတွေက ဆီထည့်ပေးမယ် ဆိုရင်လည်း ဆီမယူ ပိုက်ဆံဘဲအလှူခံပါတယ်။ ကဲဟုတ်ပြီ အင်ဂျင်ဘာဖြစ်သွား တာလဲ တပည့်တော် စမ်းသပ်နှိုးကြည့်ပြီး ပြင်ပေးမယ်ဆို လည်းလက်မခံပါ။

ဒီလိုဖြစ်စဉ်မျိုးတွေက အခုရက်ပိုင်း မှာ ပြန်တွေ့နေရတာပါ။ ပထမရက်က နောင်ပိန်ရင်ကွဲတောင်’ မနေ့က စဥ့်အင်နဲ့စံလောင်းကြား ကျွန်းတောနေရာတွေမှာ တွေ့ခဲ့ရတာပါ။ မြို့တွေရွာတွေနဲ့နည်းနည်းလှမ်းတဲ့နေရာတွေမှာ လှုပ်ရှားပါတယ်။ ကြုံခဲ့ရသူတွေသိမှာပါ။

ပို့စ်တင်သူ ခင်ဗျားမလှူရင်နေပေါ့။ တခြား သူတွေလှူ နေကြတာ ပြောစရာလားလို့ မေးစရာရှိပါတယ်။ ပြောစရာ ရှိပါတယ်။ ကျနော်တို့လူမျိုးတွေက ရဟန်းသံဃာဆိုတာနဲ့ ကြည်ညိုပြီးသား။ကူညီကြ လှူကြတန်းကြ။အ ခုလိုမျိုး လက်တဆုပ်စာကိုယ်တော်တွေက သာသနာကို ခုတုံးလုပ် လိမ်လည် အလှူခံ နေသည့်ကိစ္စသည် မသင့်တော်သည့် လုပ်ရပ်ဖြစ်ပါသည်။

အများပြည်သူသွားလာနေသည့် လမ်းမကြီး ပေါ်ပြုမူနေခြင်းက ယာဉ်များသွားလာနေမှု ကိုလည်းအနှောက်အယှက် ဖြစ်စေပါတယ်။ သို့ဖြစ်ပါ၍ ဒေသတွင်းရှိ သက်ဆိုင်ရာ သာသနာရေး အဖွဲ့များကလည်းကောင်း၊ ဆရာတော်သံဃာတော်များက လည်းကောင်း အဆိုပါမသင့်တော်သည့် လုပ်ရပ်များအား လိုအပ် သလို ရှင်းလင်းဆောင်ရွက်ပေး နိုင်ပါရန် အသိပေးဖော်ပြလိုက် ရပါတယ်

မိမိတို့ယာဉ်မောင်းများ အနေဖြင့် လမ်းပေါ်ကနည်းလမ်း အမျိုးမျိုးဖြင့် လိမ်စားနေသည့် ဖြစ်ရပ်များကို ရှောင်ရှားနိုင်ကြပါစေ။ အမှန်တကယ် အကူအညီလိုသူများကိုလည်း ချင့်ချိန်တွေးဆကူညီနိုင်ကြပါစေ။

(12.6.2020)
Konay Konay

Add a Comment

Your email address will not be published. Required fields are marked *

twelve + seventeen =