ဘိုမ ရုပ်လေး အလား ထင်မှတ် ရလောက်အောင် ကို ချစ်စရာ မိတ်ကပ် ပြင်ဆင် မှုလေး နဲ့ အိချောပို

ပရိသတ်ကြီးရေ…..အနုပညာ ပျိုးခင်းကနေ မြေတောင်မြှောက်ပေး လိုက်ပြီး အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးများထဲတွင် အိချောပိုတစ်ယောက် လည်းအပါအဝင်ဖြစ်ပါတယ်နော်။သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း အောင်မြင်အောင်ရိုက်ကူးထားခဲ့သူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင် တာကြောင့် ရုပ်ရှင် ကားကြီးတွေ အထိပါ ရိုက်ကူးအောင်မြင်လာတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အိချောပို ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာ ဆိုရင် လည်း ပရိတ်သတ် အားပေးမှု အပြည့်အ၀ ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းတွေပဲဖြစ်ပါတယ်နော်။ ဒါ့ပြင်အိချောပိုဟာ နာမည်နဲ့လိုက်အောင်ကို တစ်နေ့တခြား ပိုပြီးချောမောလှပ နေတာဖြစ်ပြီး သူမရဲ့ကိုယ်လုံးလေးဟာ ဆိုရင်လည်း လုံး၀ အမိုက်စား လေးပါနော်။

အိချောပိုဟာ အခုလက်ရှိမှာ ဆိုရင်လည်း အနုပညာ လှုပ်ရှားတွေ ကို ဆက်တိုက် ဆိုသလိုလုပ်ဆောင်နေတာလည်း ဖြစ်ပြီးတော့ ပရိသတ်တွေအတွက်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “It’s a space buns kinda day” ဆိုတဲ့ captionလေးနဲ့ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေး လာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source-Ei Chaw Po’s Facebook acc

zawgyi



