တရုတ်မြို့တော် ပေကျင်း ရှိ ဈေးကြီး တွင် လူအစုလိုက် အပြုံလိုက် ကိုဗစ် ကူးစက်ခံရ

တရုတ်မြို့တော် ပေကျင်း ရှိ ဈေးကြီး တွင် လူအစုလိုက် အပြုံလိုက် ကိုဗစ် ကူးစက်ခံရ

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း ၌ လူအစုအပြုံလိုက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုဖြစ်စဉ်သစ် ပေါ်ထွက်လာခဲ့၍ ယခုအခါ မြို့တွင်းရှိ နေရာတချို့ကို လော့ခ်ဒေါင်းချကာ ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင်ထားပါတယ်။

ထိုအဖြစ်အပျက်ကြောင့် လူအစု လိုက် အပြုံလိုက် ကိုဗစ် ကူးစက်ခံရမှုကြောင့် ကူးစက်မှုလှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကိုလည်း မြင့်တက်စေခဲ့ပါတယ်။ ယခုအခါ ပေကျင်းမြို့ရှိ လူနေရပ်ကွက် ၁၁ ခုနှင့် လက်ကားဈေးကြီးတစ်ခုကို အာဏာပိုင်များက လော့ခ်ဒေါင်းချ ထားလိုက်ပြီဖြစ်ပါတယ်။

Chinese police guard the entrance to the closed Xinfadi market in Beijing on June 13, 2020. – Eleven residential estates in south Beijing have been locked down due to a fresh cluster of coronavirus cases linked to the Xinfadi meat market, officials said on June 13. (Photo by GREG BAKER / AFP)

ပေကျင်းမြို့ အနောက်တောင်ပိုင်း ဖန်တိုင်း ခရိုင်ရှိ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် ၎င်းတို့ခရိုင်သည် ယခုအခါ အရေးပေါ်အခြေအနေတစ်ခုအောက်တွင် ရှိနေသည်ဟု ပြောသွားခဲ့ပါတယ်။

ယင်းခရိုင်ရှိ ရှင်ဖန်ဒီ လက်ကားဈေးကြီး မှ လူပေါင်း ၅၁၇ ဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့အနက် လူ ၄၅ ဦး၏ သလိပ် နမူနာများထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေသည်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကို မကြာမီက အလည်ရောက်လာတဲ့ အသားသုတေသနစင်တာမှာ အလုပ်လုပ်သူ နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရကြောင်း တွေ့ရှိရပါတယ်။

လတ်တလောမှာတော့ ဒီလူတွေ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ ရှင်ဖန်ဒီဈေးက ဆယ်လ်မွန်ငါးခုတ်တဲ့ စဉ်းနှီပြားတွေပေါ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိလို့ ပေကျင်းက အဓိကစူပါမားကတ်ကြီးတွေမှာလည်း ဆယ်လ်မွန်ငါးတွေကို ညတွင်းချင်း ဖယ်ရှားခဲ့ရ ပါတယ်။

ပေကျင်းအာဏာပိုင်တွေဟာ အစောပိုင်း ကပဲ ရှင်ဖန်ဒီဈေးမှာ အမဲသားနဲ့ သိုးသားရောင်းချ မှုကို ပိတ်ပင်ခဲ့ပြီး မြို့အနှံ့က တခြား လက်ကားဈေးကြီးတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ပေကျင်းမြို့တွင် အတည်ပြုတွေ့ရှိခဲ့တဲ့ လူနာ ခြောက်ဦးစလုံးသည်လည်း ရှင်ဖန်ဒီဈေးသို့ သွားရောက်ထားခဲ့ကြသည်ဟု သိရသည်။ လက်ရှိအချိန်၌ တရုတ်မြို့တော်တွင် အားကစားပွဲများ ကျင်းပခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလာမှုကိုလည်း ချက်ချင်း ရပ်ဆိုင်း ထားမယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်များ တွေ့ရှိခဲ့တဲ့ နေရာနားက စာသင်ကျောင်းများ၊ မူကြိုကျောင်း များကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု ယူဆရသော နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း ထပ်ဖြစ် လာနိုင်တယ်လို့ ပညာရှင်များက ပြောကြားထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

two × 2 =