အလုပ်မဆင်း သည့် ဆရာဝန်များ နေရာတွင် စစ်တပ် ဆရာဝန်များ နှင့် အစားထိုး ရန် စီစဉ် နေပြီ မော်လမြိုင် ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး၏ လက်ရှိအခြေအနေ
|လက်ရှိမှာ အစိုးရအလုပ်ကနေ ထွက်ထားတဲ့ အတွက် CD မှာ ပါလို့ မရတာ ဝမ်းနည်း မိပါတယ်။
မိမိစိတ် အခြေအနေအရ လက်ရှိမှာ အစိုးရဝန်ထမ်းဖြစ်နေခဲ့ရင်လည်း CD မှာ အားတက်သရော ပါဝင်မိမှာ ဖြစ်ပါတယ်။
အစိုးရဝန်ထမ်း မဖြစ်နေသည့်အတွက် ကိုယ်တိုင် မပါ ဝင်နိုင်ပေမယ့် CD မှာ ပါဝင်ကြသူများကို အပြည့်အဝ ထောက်ခံပါတယ်။
CD က လက်ရှိအနေအထားမှာ အောင်မြင်တယ် ပြောလို့ ရသွားပါပြီ ခမျာ။
မနက်ပိုင်းမှာ မီဒီယာမှာ သတင်းတက်တာနဲ့ အပိုင်နယ်ထိန်းတွေက ဆေးရုံတွေမှာ အမှန်တစ်ကယ် ဆရာဝန်တွေ အလုပ်လာဆင်း မဆင်း လာကြည့်ရပါတယ်။
သတင်းတက်ပါတယ်။ သေချာသွားတဲ့အတွက် နေ့လည်မှာ MS တွေ ကို အစည်းအဝေးလုပ်ပါတယ် ၇ ရက်အတွင်း အလုပ်ပြန်တက်ရန် သို့မဟုတ် နှုတ်ထွက်စာတင်ရန် အဓိက ဖြစ်ပါတယ်။
အဲ့ထက်ပိုတာက စာရင်းအတိအကျပြုစုပြီး ပို့ရမှာ ဖြစ်ပြီး လိုအပ်တဲ့ အရေအတွက်ကို တပ်ကပို့မှာဖြစ်ပါတယ်။
တပ်ဆေးရုံတွေမှာ သူနာပြုတွေ ပထမ မဲနှိုက်ပါတယ်။
အခုနေ့လည် ကျနော်ရေးချိန်အထိ AS တွေပါ မဲနှိုက်နေပါပြီ လို့သိထားပါတယ်
(ကျနော်သိတာသတင်းမှားဆိုရင် လာပြောလို့ရပါတယ် ခမျာ) ဆိုတော့ကာ CD က အဆင့်တစ်ခုအထိ အောင်မြင်ခဲ့ပါပြီ။
ပူးပေါင်းပါဝင်သူတိုင်းကို ကျေးဇူးတင်ရသလို စစ်အစိုးရလက်ထက်မှာ အာဏာဖီဆန်မှု လုပ်ရတာသည် အလွန်အန္တရာယ်များသော အခြေအနေဖြစ်သောကြောင့်
မိမိအရေး မိသားစုအရေးများ ငဲ့ညှာထောက်ထားရသဖြင့် ပူးပေါင်းပါဝင်မှု မပြုနိုင်သေးသော သူများကိုလည်း နားလည်ပေးရမှာဖြစ်ပါတယ်။
ကျနော်တို့ ဆက်လက်လျှောက်လမ်းရပါမယ်။ ခေတ်ဝန်ကိုထမ်းကာ ခေတ်လမ်းကို လျှောက်ကြပါစို့။
ကျနော် ဆေးဝါးတက္ကသိုလ်ရန်ကုန်က လက်ထောက် ကထိက ဒေါက်တာ ထက်ဖြိုးအောင်ပါ။
လက်ရှိ ရာထူးရှိနေသေးပေမယ့် ဌာနကင်းကွာပါ CD လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းများနှင့်တကွ ဘယ်ဝန်ထမ်းမဆို ထောက်ခံအားပေးပါတယ်ခမျာ။
လက်ရှိ ဖြစ်သွားတဲ့ မော်လမြိုင် ကုတင်(၅၀၀)
ပြည်သူ့ဆေးရုံကြီး၏ အခြေအနေ
ဆရာဝန်များမရှိတော့သည့် အခြေအနေကြောင့်
နောက်နေ့ မနက်(၈)နာရီ မှ ည(၈)နာရီအတွင်း၌သာ
အရေးပေါ်အခြေအနေ လူနာများ ကိုသာ ရှိသည့်ဆရာဝန်
များမှ ကြည့်ရှုပေးတော့မည်ဟု ကြားသိရပါတယ်။
ကျန်လူနာများကတော့ အဆင်ပြေသည့် ပြင်ပပုဂ္ဂလိက
ဆေးခန်းဆေးရုံများတွင်သာ သွားပြရတော့မည်ထင်ပါသည်
လက်ရှိဆေးရုံမှာရှိနေသည့် လူနာတွေရော Covid လူနာ
တွေရော နောက်ထပ်ဆေးရုံတက်ရန် လိုအပ်နေသည့်
လူနာများအတွက်ရော အမြန်ဆုံး အဆင်ပြေ ငြိမ်းချမ်းကြ
ပါစေလို့ ဆုတောင်းပေးရုံမှတပါး။