“သားနဲ့သမီး ကို သေချာသွန်သင်ဆုံးမပြီး လူတော်ထက်လူကောင်းတွေဖြစ်စေချင်တယ်” လို့ရင်ဖွင့်လိုက်တဲ့ “ပြေတီဦး”

မင်းသားကြီးပြေတီဦးကတော့အမိုက်စား သရုပ်ဆောက်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာ မတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။

အခုတစ်ခါမှာဆိုရင်မင်းသားကြီးပြေတီဦးက သားနဲ့သမီး တို့ကို သေချာသွန်သင်ဆုံးမပြီး လူတော်ထက် လူကောင်းတွေဖြစ်စေချင်တယ်ဆိုပြီးအခုလိုပြောလာခဲ့ပါတယ်နော်။

မင်းသားကြီးပြေတီဦးက သားနဲ့ သမီးကို သေချာမှာထားတယ်၊ မြန်မာပြည်မှာပဲ နေမှာ၊ မြန်မာစကားကို ရေလည်အောင်ပြောတတ်မှာရမယ်၊ မြန်မာစာကို သေချာဖတ်တတ်မှရမယ်၊ မြန်မာနိုင်ငံမှာနေပြီး စီးပွားရေးလုပ်ရမှာဖြစ်တဲ့အတွက် စာချုပ်တစ်စောင်ကို သေသေချာချာဖတ်တတ်ဖို့လိုတယ်၊ လူတော်ထက် လူကောင်းဖြစ်စေချင်တယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

crd

zawgyi




crd