ဦးနှောက် ခွဲစိတ်ကုသမှုကြောင့် သတိမရဘဲ အိပ်ပျော်နေတာ(၁၀)ရက်ရှိပြီဖြစ်တဲ့ ဦးမန်းဝင်း

ဦးနှောက် ခွဲစိတ်ကုသမှုကြောင့် သတိမရဘဲ အိပ်ပျော်နေတာ(၁၀)ရက်ရှိပြီဖြစ်တဲ့ ဦးမန်းဝင်း

ဟာသသရုပ်ဆောင် ဦးမန်းဝင်း ကတော့ ဇွန်လ(၂)ရက်နေ့ နံနက်(၇)နာရီမှာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ပင်လုံဆေးရုံကြီးမှာ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် လက်ရှိမှာတော့ ခွဲစိတ်မှုအပြီး (၂)ရက်ကြာအောင် မနိုးလာသဖြင့် ဦးနှောက်ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ ဦးနှောက်ထဲ လေဝင်နေတာကြောင့် ၂၁ ရက် စောင့်ကြည့်ရမယ်လို့သိရပါတယ်။

ဒီနေ့မှာတော့ ဟာသသရုပ်ဆောင် ဦးမန်းဝင်း အိပ်ပျော် နေတာ (၁၀)ရက်ရှိနေပြီဖြစ်ပြီး မိသားစုအားလုံးကလည်း စိတ်ပူနေတာဖြစ်ပါတယ်။ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းကလည်း အဖေဖြစ်သူ ဦးမန်းဝင်းအတွက် စိုးရိမ်နေကြောင်းကို “အိပ်ပျော်နေတာ ၁၀ရက်တောင်ရှိပြီ ဖေကြီးရယ်။သမီးစိတ်တွေ ပူလှပါပြီ။ မြန်မြန် နိုးပါတော့ နော်…ဒီနေ့ ဖေကြီးကို ပင်လုံဆေးရုံကနေ မြောက်ဥက္ကလာ ဆေးရုံကို ပြောင်းရမယ် ဖေကြီး”ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့ပါတယ်။

ပရိသတ်တွေ ကလည်း ဟာသသရုပ်ဆောင် ဦးမန်းဝင်း တစ်ယောက် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုကြီးကနေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးထားကြပါသေးတယ်….။

Credit Themoon
Source:Kyi Phyu Mann Win

Add a Comment

Your email address will not be published. Required fields are marked *

5 × two =