ပြည်သူ ကို ပြည်သူ့ ဆရာဝန်တွေ အခမဲ့ ကုပေးပြီ (အကူအညီတောင်းတာ နဲ့ ချက်ချင်း လာကု ပေးတာပါ)

ဒီချိန်ကြီး (ည၁၁နာရီ) အိမ်ဘေးက အကိုတယောက် နေမကောင်း ဖြစ်လို့ ဘယ်ဆေးခန်းမှ လည်းပြေးမရ၊ ဆေးရုံကလည်း အခြေအနေ ဘာမှန်းမသိတာ နဲ့

အမေကတဆင့် ဌ/ရပ်ကွက်၊ ဂန္ဓမာ group က ဆရာဝန်တွေဆီ အကူအညီလိုရင်တောင်းလို့ရတယ် ဆိုတဲ့ post တွေ့လို့ အဆက်အသွယ်ရပြီး ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာ၊ ချက်ချင်းကို လူနာအိမ်ရှေ့ထိရောက်လာပြီး ကုပေးသွားတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဆေးဖိုးလည်း တပြားမှ မယူသလို အလှူငွေထည့်ဖို့ လုပ်တော့လည်း သူတို့လက်မခံလို့ ရုံးမှာပဲ အလှူငွေလာလှူခိုင်းပါတယ်။ အချိန်မရွေး လှမ်းခေါ်ပြီး အကူအညီတောင်းနိုင် ပါတယ်တဲ့ ကျေးဇူးအခါခါတင်မိပါတယ်

Thet Thet Yadanar Thein

zawgyi



