ႏွစ္ႀကိမ္ တိတိ Negative ျဖစ္ၿပီး ေဝဘာဂီ အထူးကုေဆး႐ုံႀကီးမွ ဆင္းခြင့္ရ လိုက္ၿပီျဖစ္တဲ့ အဆိုေတာ္မ်ိဳးႀကီး
|Covid-19 ေရာဂါကေတာ့ ကမာၻအႏွံျဖစ္ပြားေန တာျဖစ္ၿပီး ျမန္မာႏိုင္ငံ မွာလည္း ကူးဆက္ခံရသူ စုစုေပါင္း (၁၈၁)ဦး ရွိေနၿပီပဲျဖစ္ပါတယ္။ အဆိုပါကူးဆက္ခံရသူေတြမွာေတာ့ အဆိုေတာ္မ်ိဳးႀကီးကတစ္ေယာက္အပါအဝင္ျဖစ္ၿပီး ေဝဘာဂီ အထူးကုေဆး႐ုံႀကီးမွာေဆးကုသမႈ ခံယူေနရတာျဖစ္ပါတယ္။
ေဆးစစ္ခ်က္အေျဖအရေတာ့ ႏွစ္ႀကိမ္ တိတိ Negativeျဖစ္ေနၿပီး ဒီေန႔ေမလ(၁၄)ရက္ေန႔ မွာေတာ့ ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွတဆင့္ ေဖာင္ႀကီး Quarantine Center သို႔ေျပာင္းေ႐ြ႕ခဲ့ရၿပီလို႔သိရပါတယ္။ အဆိုေတာ္မ်ိဳးႀကီးအတြက္ အႏုပညာရွင္ေတြနဲ႔သူ႔ရဲ႕ပရိသတ္ေတြ ကလည္း ဝမ္းသာပီတိျဖစ္ေနၾကတာကိုလည္းေတြ႕ရပါတယ္။
ပရိသတ္ႀကီးလည္း အဆိုေတာ္မ်ိဳးႀကီးအတြက္ အားေပး စကားေလးေတြကိုေျပာျပခဲ့ပါဦးေနာ္…။
Source: Kyaw Myo Htet
unicode
Covid-19 ရောဂါကတော့ ကမ္ဘာအနှံဖြစ်ပွားနေ တာဖြစ်ပြီး မြန်မာနိုင်ငံ မှာလည်း ကူးဆက်ခံရသူ စုစုပေါင်း (၁၈၁)ဦး ရှိနေပြီပဲဖြစ်ပါတယ်။ အဆိုပါကူးဆက်ခံရသူတွေမှာတော့ အဆိုတော်မျိုးကြီးကတစ်ယောက်အပါအဝင်ဖြစ်ပြီး ဝေဘာဂီ အထူးကုဆေးရုံကြီးမှာဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။
ဆေးစစ်ချက်အဖြေအရတော့ နှစ်ကြိမ် တိတိ Negativeဖြစ်နေပြီး ဒီနေ့မေလ(၁၄)ရက်နေ့ မှာတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှတဆင့် ဖောင်ကြီး Quarantine Center သို့ပြောင်းရွေ့ခဲ့ရပြီလို့သိရပါတယ်။ အဆိုတော်မျိုးကြီးအတွက် အနုပညာရှင်တွေနဲ့သူ့ရဲ့ပရိသတ်တွေ ကလည်း ဝမ်းသာပီတိဖြစ်နေကြတာကိုလည်းတွေ့ရပါတယ်။
ပရိသတ်ကြီးလည်း အဆိုတော်မျိုးကြီးအတွက် အားပေး စကားလေးတွေကိုပြောပြခဲ့ပါဦးနော်…။
Source: Kyaw Myo Htet