မဖြစ်မနေ ကျောင်းတတ် ကတော့ မယ်ဆို ” ဂျပန် နဲ့ စင်္ကာပူ မှာ စာသင်ကျောင်းတွေ ပြန်ဖွင့် နေပြီး သူတို့ဘယ်လို လုပ်ဆောင် နေကြ သလဲ..? “

မဖြစ်မနေ ကျောင်းတတ် ကတော့ မယ်ဆို ” ဂျပန် နဲ့ စင်္ကာပူ မှာ စာသင်ကျောင်းတွေ ပြန်ဖွင့် နေပြီး သူတို့ဘယ်လို လုပ်ဆောင် နေကြ သလဲ..? “

ဂျပန် မှာ ကျောင်း တွေပြန်ဖွင့်နေ ပါပြီ ၊ မိဘတွေက မနက် တိုင်း ကိုယ့်ကလေးတွေ ရဲ့ အပူချိန်ကို တိုင်း ရတယ် ။ ပြီးတော့ မှတ် တမ်း မှာ ဒီမနက် ကလေးဟာ ဘယ် လောက် အပူချိန် ရှိတယ် ဆိုတာ ဖြည့်သွင်းပေ ရ တယ် ။ အဲဒီ ရေးသွင်းထား တဲ့ မှတ်တမ်း စာရွက် ကို ကျောင်းယူလာ ၊ ကျောင်းရောက် ရင် သက်ဆိုင်ရာ ဆရာကို ပြ ရ တယ် ။ ဂျပန် ကျောင်းတွေ ကိုဗစ်ကြောင့် ပြန်ဖွင့်ပြီးချိန် မှာ အဲဒါ ပုံမှန် လုပ်ဆောင် ချက်တွေ ပဲ ။

စာသင်ခန်းတွေ ဆိုရင် ယခင်ထက် ကျောင်းသား တစ်ဝက် လောက် လျှော့ချထား တယ် ။ ကျောင်းချိန် ကိုလည်း ယခင် ထက်လျှော့ပြီး စောစော ပြန်လွှတ်တယ်။ ကျောင်းသား နဲ့ ဆရာတွေ အားလုံး မျက်နှာမှာ mask တွေတပ်ကြတယ်။ ကျောင်း ကို လာ လို့ ကျောင်း ထဲ ဝင် မယ် ဆို လည်း သတ်မှတ်ထား တဲ့ အကွာ အဝေး မှာ ရပ်ပြီးတော့ တစ်ဦးချင်း ဝင် ရတယ် ။ ကျောင်းထဲ ဝင်ရင် လက်ဆေးပြီး မှ ဝင်ရ တယ် ။

နေ့လယ်စာ ကို တစ်ဦးချင်းပဲ ကိုယ့်ခုံမှာ ကိုယ် အေးဆေးစွာ ထိုင်စားကြရတယ်။ သတ်မှတ်ထားတဲ့ အကွာ အဝေးမှာပဲ ထိုင်ကြရတယ်။ ယခင်လို သူငယ်ချင်းတွေ ပူးပူး ကပ်ကပ် နေထိုင်ပြောဆို ရတာ မျိုးတွေ မလုပ်ရေ တာ့ဘူး။

ကလေးတွေမေးကြည့်တော့လည်း အိမ် မှာ ထိုင်နေရ တာ ထက်စာရင် ကောင်းလာပြီး သူငယ်ချင်းတွေနဲ့ တွေ့ရတာ ပျော်တယ်လို့ဆိုကြတယ်။ ဘာပြောပြော ကလေး ဆိုတာ အပေါင်းအသင်းနဲ့နေရရင် ပျော် တယ် ၊ အပေါင်းအသင်း ခုံမင်တတ်တာ သဘာဝပဲ။ သူတို့ကို ရောဂါကူးမှာတွေဘာတွေ သိပ်စိုးရိမ် ကြမယ် မထင်ဘူး။ ယခင်လို ထမင်းစားချိန် သူငယ်ချင်းတွေနဲ့ စုရုံးမစား ရတော့ ပျော်စရာ မကောင်းတော့ ဘူး လို့လည်း ပြောကြ တယ် ။

ကလေးတွေကတော့ လူကြီးတွေထက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်တာ နည်းပါ တယ် ။ ဒါပေမဲ့ ကျောင်းတွေပြန်ဖွင့် လိုက်တော့ ကျောင်းတွေကနေ ရောဂါပျံ့ပွားရာ ဌာနကြီး တစ်ခု မဖြစ်အောင် သတိထားကြရပြန် တယ် ။

စင်ကာပူနိုင်ငံမှာတော့ ကျောင်းတွေပြန်ဖွင့်တဲ့ အခါ ကျောင်းလာတက် မယ့်ကလေးတွေ ကို သက်ဆိုင်ရာ နယ်မြေ အလိုက် ရောဂါကင်းရှင်းကြောင်း ထုတ်ပေးတဲ့ လက်မှတ်ပါလာမှ ကျောင်းက လက်ခံမယ်။ ကလေးဟာ အခြေအနေ မကောင်းရင် ကျောင်းကိုမ လာဘဲ၊ အိမ်မှာပဲနေဖို့ ခွင့်ပြုထားတ ယ်။ မကျန်းမာရင် အိမ်မှာပဲ ဆရာဝန်နဲ့ ကုသခိုင်းထားတယ်။ ကလေးတွေ ရဲ့ ရောဂါအနေအထားကို ပုံမှန် စောင့်ကြည့်ရမှာ မိဘတွေတာဝန်ပဲ။ ကလေးရဲ့ ကိုယ်အပူချိန်ဟာ 37.3°C နဲ့အထက်ဖြစ်နေရင် မိဘတွေကို ကျောင်းမလွှတ်ဖို့ ညွှန်ကြား ထားတယ်။

ကျောင်းထဲမှာ မျက်နှာဖုံးတွေ ကို တစ်ချိန်လုံး တပ်ဆင်ထား ဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး ။ ဒါကြောင့် စာသင်ခန်းထဲ ရောက်ရင် ချွတ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းထဲမှာ တစ်နေရာက တစ်နေရာကိုသွားရင်၊ ကျောင်းဆင်းလို့ ဘတ်စ်ကားကိုသွား ရင်၊ ကျောင်းကို လာရင်တော့ မျက်နှာဖုံးတွေကို တပ်ဆင်လာရပါလိမ့်မယ်။ ကျောင်းထဲ မှာ ဘယ်နေရာတပ်ရာမယ်၊ မတပ်ရဘူးဆိုတာ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ် ဆိုတာတွေ သတ်မှတ်ထား တယ် ။ မိဘတွေ ကိုတော့ ကျောင်းထဲလုံးဝ ပေးမဝင်ပါဘူး။ ကလေးတွေကို လည်း သတ်မှတ်ထားတဲ့ ဂိတ်ပေါက် တစ်ပေါက်ကပဲ လက်ခံပေးတယ်။

ဂျပန်ကိုပြန်ပြောဦးမယ်…

ဂျပန်ကျောင်းတွေ မှာ ဂီတသင်တာ ကိုတော့ ပိတ်ထား တယ် ။ တူရိယာပစ္စည်းတွေက တစ်ဆင့် ရောဂါကူးစက်နိုင် တာကြောင့်ပါ။ ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့လည်း ကလေးတွေကို ဝေးဝေးထားပေးပြီး လုပ်နိုင်အောင် စီစဉ်ကြတယ်။

စာသင်ခန်းတွေ ကို လေဝင်လေထွက်ကောင်းအောင် တံခါးတွေဖွင့် ခိုင်းထား တယ် ။ အဲကွန်းတွေရှိလည်း တံခါး ဖွင့်ခိုင်းထားပြီး အဲကွန်းကို ဖွင့်ခိုင်းထားတာပါ။ ဒါပေမဲ့ မျက်နှာဖုံး mask တွေ ကို တစ်ချိန်လုံး တပ်ခိုင်းထားသေး တယ် ။

ဒီလောက် ဂရုစိုက်နေတဲ့ကြား ကပဲ ကီတာကျူရှုမြို့မှာ ကလေး ၁၃ ယောက် ကိုရိုနာ ဗိုင်းရပ်စ်ဝင်တယ်။ ၅ ယောက်က တစ်ကျောင်းတည်း၊ တစ်ခန်းတည်းကဖြစ်တာ။ ကျောင်း ၅ ကျောင်း ကို ပိတ်ခိုင်း လိုက်ရတယ် ။ ခုတော့ အဲဒီ ကျောင်းတွေပြန်ဖွင့်ပြီ လို့ သိ ရတယ် ။ မိဘတွေ ကလည်း ကိုယ့်အိမ် နဲ့ နီးတဲ့ကျောင်းတွေမှာ ကလေးတွေ ကို ပြောင်း ထားဖို့ စီစဉ်နေကြ တယ် ။

( ဒီမနက် ဖတ်လိုက်ရ တဲ့ The Washington Post သတင်း တစ်ပုဒ် ကို ကိုးကား ပါ တယ်)

တင်ညွန့် (၁၀.၆.၂၀၂၀)

Add a Comment

Your email address will not be published. Required fields are marked *

twelve − six =