၂၀၂၀ ပြည့်နှစ် မှတည် ကမ္ဘာကြီး ရဲ့ ပြောင်းလဲ လာ မည့် ဖြစ်ရပ် ဟောကိန်း များ (မှန်ခဲ့ပြီးသားများ ပါသည်မို့ ပုံကိုနှိပ်၍ ဖတ်ပါ)

၂၀၂၀ ပြည့်နှစ် မှတည် ကမ္ဘာကြီး ရဲ့ ပြောင်းလဲ လာ မည့် ဖြစ်ရပ် ဟောကိန်း များ (မှန်ခဲ့ပြီးသားများ ပါသည်မို့ ပုံကိုနှိပ်၍ ဖတ်ပါ)

၂၀၂၀ ခုနှစ်မှာ ဖြစ်ပေါ်မယ့် အာကာသ အတွင်းက ထူးခြား ဖြစ်စဉ် များကို ရေးသား တင်ဆက်ပေး လိုက်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ နေကြတ်ခြင်း (၂) ကြိမ် နဲ့ လ ကြတ်ခြင်း (၄) ကြိမ် ဖြစ်ပေါ်ပါမယ်။ စူပါမွန်း ကလည်း (၄) လ ဆက်တိုက် ဖြစ်ပေါ်မှာ ဖြစ်ပြီး ဂြိုဟ်၊ နက္ခတ်များ နဲ့ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) များ ကို လည်း မြင်တွေ့ကြ ရဦး မှာပါ။ နေကြတ်မယ့် ရက်တွေ ကတော့.. နယုန်လ ကွယ်နေ့ (ဇွန်လ ၂၁) နဲ့ နတ်တော်လကွယ်နေ့ (ဒီဇင်ဘာ ၁၄) ရက်တို့မှာပဲ ဖြစ်ပါ တယ်။ နယုန်လကွယ်နေ့မှာ ကြတ်မယ့် နေမီးကွင်းကြတ်ခြင်း (Annular Solar Eclipse) ကို မြန်မာနိုင်ငံ မှ မြင်တွေ့ ရမှာဖြစ် ပါတယ်။

(မြေပုံ) မြန်မာနိုင်ငံ မြောက်ဖျားပိုင်း မှာ ပိုမိုမြင်တွေ့ရ မှာဖြစ်ပြီး.. ကျန်ဒေသ များ မှာတော့ နေ တပိုင်းကြတ်ခြင်း အဖြစ်သာ မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ ဒီဇင်ဘာမှာ ကြတ်မယ့် နေ အပြည့်ကြတ်ခြင်း (Total Solar Eclipse) ကိုတော့ တောင်အမေရိက နဲ့ ပစိဖိတ်၊ အတ္တလတိတ် တောင်ပိုင်းတို့မှာသာ မြင်တွေ့ရမှာဖြစ်ပါ တယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာ သာဖြစ်ပြီး၊ လကြတ်ခြင်း ကတော့ လ ပြည့်ည မှာပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ပြာသိုလပြည့် (ဇန်နဝါရီ ၁၀ ရက်)၊

နယုန်လပြည့် (ဇွန်လ ၅ ရက်)၊ ဝါဆိုလပြည့် (ဇူလိုင် ၅ရက်)၊ နတ်တော် လပြည့် (နိုဝင်ဘာ ၃၀ ရက်) တို့မှာ လကြတ်ခြင်း ဖြစ်ပေါ် ပါမယ်။ (ပြက္ခဒိန် ရက်နှင့် အနည်းငယ် ကွာဟမှု ရှိနိုင် ပါတယ်။) ထူးခြားတာကတော့.. လကြတ်ခြင်း (၄) ကြိမ်စလုံး ဟာ လအပြည့်ကြတ်ခြင်း မဟုတ်ပဲ အရိပ်ဖျော့ကြတ် ခြင်း (Penumbral Lunar Eclipse) များပဲ ဖြစ်ကြ ပါတယ်။ မြန်မာနိုင်ငံ မှ ဝါဆိုလပြည့် လကြတ်ခြင်းမှ လွဲ၍ ကျန်သော လကြတ်ခြင်း များကို မြင်တွေ့ရနိုင်ပါတယ်။

အရိပ်ဖျော့ကြတ်ခြင်း သာဖြစ်လို့ သေချာကြည့် တတ်မှ ကောင်းကောင်းမြင် ရမှာပါ။ ၂၀၂၀ ခုနှစ် မှာ လပြည့်ည (၄) လ ဆက်တိုက်မှာ ကမ္ဘာနဲ့ လ တို့အနီးဆုံး အချိန် (Perigee) နဲ့ တိုက်ဆိုင်တဲ့ အတွက် လကို သာမန်ထက် အနည်းငယ် ပိုမိုကြီးမား တဲ့ အရွယ်အစားနဲ့ တွေ့မြင် ရမှာပါ။ အဲ့ဒါကို စူပါမွန်းလို့ ခေါ်ဆိုကြပါတယ်။ တပို့တွဲလပြည့် (ဖေဖော်ဝါရီ ၉ ရက်)၊ တပေါင်းလပြည့် (မတ်လ ၉ ရက်)၊ တန်ခူးလပြည့် (ဧပြီလ ၈ ရက်)၊ ကဆုန်လပြည့် (မေလ ၇ ရက်) တို့မှာ စူပါမွန်း ဖြစ်ပါမယ်။

လ နဲ့ ဒီရေဟာ ဆက်စပ်မှုရှိတဲ့အတွက် ဒီရေ အတက်အကျကို အထူး ဂရုပြုသင့် ပါတယ်။ ကံကောင်းသွားတာ ကတော့ မိုးရာသီ မဟုတ်တဲ့ အတွက် ရေကြီး၊ ရေလျှံခြင်းတွေ သိပ်မဖြစ်လောက်တာပါ။ ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်း ထက် ပိုပြီးထိရောက် ပါတယ်။ ယခု နှစ်ဆန်းပိုင်းမှာ ညနေခင်းပိုင်း အနောက်အရပ်မှာ မြင်နေရတဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) ဟာ ဩဂုတ်လလောက်မှာ အရှေ့ဘက်အရပ်ကို အိမ်ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကို ဇူလိုင် ၁၄ ရက်မှာ အကောင်းဆုံး မြင်တွေ့ရမှာဖြစ်ပြီး၊ စေတန် (ခ) စနေဂြိုဟ်ကိုတော့ ဇူလိုင် ၂၀ ရက်မှာ တယ်လီစကုတ်များဖြင့် အကောင်းဆုံး ကြည့်ရှုနိုင်ပါတယ်။

ဂျူပီတာ နဲ့ စေတန်ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ ထူးခြားစွာ ပေါင်းဆုံကြဦးမှာပါ။ အင်္ဂါဂြိုဟ် (မားစ်) ကတော့ အောက်တိုဘာလလောက်မှာ အကောင်းဆုံး တွေ့မြင်ရနိုင်ပါတယ်။ ထူးထူးခြားခြား ကြယ်မိုးတွေရွာမယ့်ရက်တွေကတော့ ဇန်နဝါရီ ၄ ရက်၊ ဧပြီ ၂၂ ရက်၊ မေလ ၆ ရက်၊ ဇူလိုင် ၂၈ ၊ ဩဂုတ် ၁၂ ၊အောက်တိုဘာ ၇၊ ၂၁၊ နိုဝင်ဘာ ၄၊ ၁၇ နဲ့ ဒီဇင်ဘာ ၁၃၊၂၁ ရက်တို့ ဖြစ်ကြပါတယ်။ ရက်နီးတဲ့အခါ ထပ်တင်ပေးထားပါမယ်အာကာသနှင့် စကြဝဠာ မှ ပညာရေးအတွက် သင်ထောက်ကူ လုပ်ငန်းများစွာကိုလည်း တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်လို့ စောင့်မျှော် အားပေးကြပါလို့ တိုက်တွန်းရင်း.။

Add a Comment

Your email address will not be published. Required fields are marked *

18 + 1 =