အမေစု ရဲ့ စာလေးကြောင့် ကျွန်တော် ခွန်အား ရရှိခဲ့တယ်ဆိုကာ အားလုံး အတွက်လည်း အား တစ်ခုဖြစ်အောင် ချပြပေးလာတဲ့ ဒေါင်း

ပရိသတ်တွေရဲ့ အချစ်တော် ဒေါင်းဟာဆိုရင် သူရဲ့FB page တွင် စစ်တပ် ရဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ကာ ပြည်သူတွေနဲ့ အတူ အမေစုဘက်က ရပ်တည် ထောက်ခံ အားပေးတာတွေကို လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ပြည်သူတွေကို စိတ်ဓာတ် မကျအောင်လည်း Live တွေလွှင့်ကာ အားပေးနေတာ ဖြစ်ပြီး သူကိုယ်တိုင်လည်း ခွန်အားရစေတဲ့ အမေစုရဲ့ စာလေး တစ်စောင်ကို သူရဲ့ချစ်ပရိသတ်တွေလည်း ခွန်အားရစေရန် တင်ပေးလာတာ ဖြစ်ပါတယ်။

သူရဲ့လူမူကွန်ယက် စာမျက်နှာ ထက်တွင်”အမေစုရဲ့ ဒီစာလေးဟာ အခုချိန်မှာ ရေးတာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော့်အတွက်အရေးမကြီးပါဘူး အရေးကြီးတာ ကျွန်တော်တို့အတွက်ခွန်အားပါ ဒီစာကိုဖတ်မိတဲ့အချိန်မှာ ကျွန်တော်ခွန်အားရတယ် အားလုံးလဲဒီအချိန်မှာအားတစ်ခုရမှာပဲ အဲ့တန်ဖိုးသာကျွန်တော် အတွက် အရေးကြီးလို့ ကျွန်တော်တင်လိုက်ခြင်းဖြစ်ပါသည်”ဆိုတဲ့စာသားလေးနဲ့ အတူ အမေစုရဲ့စာလေးကို ခုလိုဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“ကိုယ်ထူကိုယ်ထဖို့လိုနေတဲ့ နိုင်ငံတော်ပါ နိုင်ငံသူနိုင်ငံသားအားလုံး တစ်ဦးခြင်း အင်အားပြည့်ဖို့ လုပ်ဆောင်လေးနေတာကို ဝမ်းသာအားရပါတယ်”ဆိုတဲ့ ပြည်သူတွေ ခွန်အားရှိစေမယ့်စာလေးကို သရုပ်ဆောင် မင်းသားဒေါင်းက ဝေမျှပေးလာတာ ဖြစ်ပါတယ်။ချစ်ရတဲ့ ပရိသတ်တွေလည်း အမေစုရဲ့စာလေးကို ဖတ်ပြီး အားမလျော့ပဲ ခွန်အား တွေ ရရှိစေဖို့ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်……..။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်………😘😘

Photo Credit-Daung FB Page

zawgyi



