စာအုပ်ထဲ သင်ရ တဲ့ သမိုင်း နဲ့ တကယ့် အပြင်က သမိုင်း

စာအုပ်ထဲ သင်ရ တဲ့ သမိုင်း နဲ့ တကယ့် အပြင်က သမိုင်း

ပုဂံရာဇဝင်မှာ- ကျန်စစ်သားဟာ ရာဇကုမာရ အရောက်နောက်ကျတဲ့အတွက်ကြောင့်ထီးနန်းမပေးတာလို့ ပြဌာန်းစာအုပ်တွေမှာ ဂျင်း ထည့်တယ်။ တကယ်တော့ရာဇကုမာရဟာ ၃ နှစ်သားကတည်းကနန်းတော် ရောက်တာပါ။

ကျန်စစ်သားလည်း ပုဂံထီးနန်း ကို အလွယ်တကူရတာ မဟုတ်ပေဘူး စောလူးမင်း သေလို့ထီးနန်းရတယ်ဆိုပေမယ့် ပုဂံနန်းတော်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ အနော်ရထာ့ လူတွေချည်း ဆိုတော့.. ကျန်စစ်သားကိုလက်မခံသူတွေလည်း ပါမှာပဲ၊ ဒီတော့…ကျန်စစ်သား ဘာလုပ်လဲ? သူ့သမီး ရွှေအိမ်စည် နဲ့ အနော်ရထာ့သား စောယွမ်းကို အသက်အများကြီးကွာပေမယ့် ပေးစားပစ်တယ်။

သူတို့က မွေးလာတဲ့ သားအလောင်းစည်သူ ကို မွေးစထဲက ထီးနန်းပေးပြီးသူက ထီးနန်း ထိန်းသိမ်းသူအဖြစ်နဲ့သာ အုပ်ချုပ်တယ်၊ ရာဇကုမာရဟာ သူ့သားအရင်း (သူ့သွေးပဲပါတာပါ) အလောင်းစည်သူဟာ သူ့သမီးနဲ့ အနော်ရထာသား သွေးပါတော့အနော်ရထာ ထောက်ခံသူရော ကျန်စစ်သား ထောက်ခံသူပါ အားလုံး လက်ခံသွားကြတယ်။ ဒါနိုင်ငံရေးပါ။ ရာဇကုမာရ ထီးနန်း မရတာအရောက်နောက်ကျလို့မဟုတ်ဘဲနိုင်ငံရေးကြောင့် မရတာပါ။

နောက်တစ်ကြောင်းကဘုရင့်နောင်ပါ။ ဘုရင့် သားတပင်ရွှေထီးနဲ့က သူငယ်ချင်းတွေ၊ ပညာသင်ဘက်တွေပါ သူတို့နှစ်ယောက် ပညာသင်တာက ဆရာတစ်ဦးထဲဆီမှာ တစ်နေ့ .. ဆရာကြီးက သျှင်ရဲထွဋ်(ဘုရင့်နောင်)ကို ခေါ်ပြောတယ်၊ မင်း တစ်နေ့ ဘုရင်ဖြစ်ချင်ရင်- တပင်ရွှေထီးကို ဘယ်တော့မှ အနိုင်မယူပါနဲ့ .. တဲ့။

သူတို့နှစ်ယောက် ဘာပြိုင်ပြိုင် သျှင်ရဲထွဋ်က အမြဲအရူံးပေးတယ်၊ မြင်းစီးပဲပြိုင်ပြိုင် ဓားရေးပဲပြိုင်ပြိုင် မြားပစ် ၊ လှံပစ် အကုန် တပင်ရွှေထီးပဲနိုင်တယ်။ ကြာတော့ တပင်ရွှေထီးကနောင်တော် ကျုပ်ကို ဘာလို့အလျှော့ပေးတာလဲ မေးတော့ မနိုင်တာပါ အရှင့်သား လို့ဖြေတယ်။ သူ့အပေါ် အမြဲအနိုင်မ ယူအလျှော့ပေးတဲ့ သျှင်ရဲထွဋ်ကို တပင်ရွှေထီးက သူနန်းတက်တော့စစ်သူကြီးရာထူးပေးလိုက်တယ်၊ နောက်ပိုင်းထီးနန်းပါ အပ်သည်အထိ ယုံကြည်သွားပါတယ်၊ ဒါလည်း.. နိုင်ငံရေးပဲ အစွမ်းအစတူလို့ ယှဉ်ရမယ့်သူဆို နေရာရလာမှာမဟုတ်ဘူး။

အင်းဝနဲ့ ဟံသာဝတီအနှစ် ၄၀ စစ်ဖြစ်တယ်၊ ကြားက ရွှေဘိုက အင်အားကောင်းပြီး ကုန်းဘောင်မင်းဆက် ဖြစ်သွားတယ်။ ရတနာပုံ နန်းဆက်မှာမယ်နုကနေ စမွှေတဲ့ အမွှေ ဆင်ဖြူမရှင်၊ စုဖုရားလတ်ထိ ထီးနန်းလုကြတာ၊ အင်္ဂလိပ်က ကျည်တစ်ချက်မဖောက်ပဲ သိမ်းသွားတယ်။

ကျနော်တို့မြန်မာတွေ ဟာ နိုင်ငံရေး ပရိယာယ်ကြွယ်ကြပါတယ်၊ တိုက်ရည်ခိုက်ရည်လည်း တော်ကြတယ်၊ တိုက်စရာမရှိရင်အချင်းချင်း လှည့်ပတ်တိုက်ကြတယ်၊ ရန်အမြဲဖြစ်နေမှ သူရဲကောင်းလို့ ထင်ကြတယ်။ ဒါကြောင့်လည်း နှစ် ၆၀ ကျော်စစ်ပွဲ အဆုံးမသတ်နိုင် ပြည်တွင်းမှာလည်း ရန်ဖြစ် လိုက်ကြတာ၊ ကြားကပေါက်ဖော်တို့ ချမ်းသာသွားတယ်ဆိုတာ..သတိပြုသင့်ပါတယ်…လို့!

KZMW

Add a Comment

Your email address will not be published. Required fields are marked *

thirteen − 11 =