ဒီလို အကျင့် ယုတ်နည်းလေး ဆိုပြီး ပန်ဆယ်လို ပြောပြီ
၈၈ လည်း မဟုတ်တော့ဘူး ၂၀၀၇ လည်းမဟုတ်တော့ဘူး
ဆူးလေ လိုနေရာကို ဆန္ဒသွားပြမှ လူတွေသိမှာ နိုင်ငံတကာက သိမှာ မဟုတ်ဘူး။ ၂၀၂၁ ဖြစ်နေပီ သတင်းထောက်တွေ နေရာတကာမှာ ရှိနေပီ လူတိုင်းဖုန်းနဲ့ရိုက်ပီး တင်လို့ရနေပြီ။
အဲ့ဘဲတွေနဲ့ ထိပ်တိုက် အတွေ့ကို မခံသင့်ဘူး။ ဒီနေရာပိတ်ထား ဟိုနေရာပြောင်းပြ ဟိုနေရာ ပိတ်ထား တခြားနေရာ ပြောင်းပြ။ အဲ့ဘဲတွေ ပင်ပန်းအောင်လုပ်ပေးရမှာ။
မတွေ့ဘူးလား ဒီကောင်တွေ အစောကြီးထပီး barricade တွေ ထပီး စီထားရတာ အိပ်တောင် အိပ်ရရဲ့လားမသိဘူး။
ဒီနေ့လူတွေ ဆူးလေမှာ ပြမယ်ထင်လို့ ဒီကောင်တွေ ဆူးလေမှာ ပြင်ထားတယ် ဆို အင်းစိန်ကလူတွေထပြ။ အဲ့ဘဲတွေ နောက်နေ့ အင်းစိန်လိုက်လာပီး block ထားရင် တောင်ဥက္ကလာမှာပြ။
ကိုယ်တွေက ညဘက် အိပ်ရေးဝဝအိပ်ပီး မနက်အိပ်ရာထ ပြချင်တဲ့နေရာ သွားပြ။
လာပိတ်ရင် အိမ်ပြန်ပီး တရေးအိပ် ညနေသွားပြချင်တဲ့နေရာ သွားပြ။
ဒီကောင်တွေ ဘယ် နှစ်ရက် ခံနိုင်မှာလဲ။
ကိုယ်တွေက အိပ်ရေးဝ အောင်အိပ် ကောင်းကောင်းစားပီး နေ့တိုင်းအားအင်အပြည့်နဲ့ လုပ်ချင်တာလုပ်နိုင်နေမှာ။
ရေရှည်ပြရမှာ။ရေရှည် ဆန္ဒပြနိုင်ရင် CDM လုပ်ဖို့တွန့်ဆုတ်နေတဲ့ ဟို ဟိုမရောက် ဒီမရောက်လူတွေလည်း အလုပ်သွားလို့မရရင် အော်တို CDM ဖြစ်သွားလိမ့်မယ်။
ဒီလိုသောက်ကျင့်ယုတ်နည်းလေး
ပန်ဆယ်လို
zawgyi
ပန်ဆယ်လို