ပြည်သူ တွေ ရဲ့ တောင်း ဆို မှုကြောင့် မြဝတီ မှ စစ်အာဏာ သိမ်းမှု ဆန္ဒပြပွဲ မှာ ဖမ်းဆီး ခံရ သူတွေ ပြန် လွတ်လာ

မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ပြည်သူတွေရဲ့ ဆန့်ကျင် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူအားလုံး ဒီကနေ့ ညပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေ ဖမ်းဆီးခံရပြီးနောက် ပြည်သူတွေ ဟာ ရဲစခန်းရှေ့ မှာ ဖယောင်းတိုင် မီးတွေ ထွန်းပြီး စောင့်စားကာ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြရာမှာ

ဖေဖော်ဝါရီ (၇) ရက် ည (၇) နာရီဝန်းကျင်မှာပဲ ဖမ်းဆီး ခံရ သူတွေ ကို ပြန်လွှတ်ပေး လိုက်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုသူရိန်က အတည်ပြုပြောပါတယ်။

“ ပြည်သူတွေက အိမ်မပြန်တော့ဘဲ ရဲစခန်းရှေ့မှာ ဖယောင်းတိုင် တွေ ထွန်းပြီး စောင့် နေကြတာ။

ဒီည (၇) နာရီလောက် မှာပဲ အားလုံးကို လွှတ်ပေး လိုက်တယ်။ “ လို့ ကိုသူရိန်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ခံရသူ စုစုပေါင်း (၁၄) ဦးကို ပြန်လွှတ်ပေးခဲ့တယ် လို့လည်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇအောင်ကလည်း ပြောပါတယ်။

ဒီကနေ့ နေလယ်ပိုင်းက မြဝတီမြို့ မှာ စစ်အာဏာ သိမ်းမှုကို အလိုမရှိကြောင်း ပြည်သူအင်အား (၃၀၀) ကျော် ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ရဲတပ်ဖွဲ့က ရော်ဘာကျည်နဲ့ ပစ်ဖောက်ဖြိုခွင်းခဲ့ရာမှာလူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ သေနတ် ဖောက်သံကြောင့် DKBA တပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး မပစ်ဖောက်ဖို့ သတိပေးပြီး ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။

နေ့လယ် (၁၂) နာရီလောက်က စတင် ခဲ့တဲ့ အဆိုပါ ဆန္ဒပြပွဲမှာ လူအင်အား (၃၀၀) ကျော်လောက်ပါဝင်ခဲ့ပြီး နေ့လယ် (၁) နာရီခွဲဝန်းကျင်မှာ ပြီးဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

crd

zawgyi

ျမဝတီၿမိဳ႕မွာ စစ္အာဏာသိမ္းမႈကို အလိုမရွိေၾကာင္း ျပည္သူေတြရဲ႕ ဆန႔္က်င္ ဆႏၵျပပြဲမွာ ဖမ္းဆီးခံရသူအားလုံး ဒီကေန႔ ညပိုင္းမွာပဲ ျပန္လည္လြတ္ေျမာက္လာတယ္လို႔ သိရပါတယ္။

ဆႏၵျပသူေတြ ဖမ္းဆီးခံရၿပီးေနာက္ ျပည္သူေတြ ဟာ ရဲစခန္းေရွ႕ မွာ ဖေယာင္းတိုင္ မီးေတြ ထြန္းၿပီး ေစာင့္စားကာ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကရာမွာ

ေဖေဖာ္ဝါရီ (၇) ရက္ ည (၇) နာရီဝန္းက်င္မွာပဲ ဖမ္းဆီး ခံရ သူေတြ ကို ျပန္လႊတ္ေပး လိုက္တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူ ကိုသူရိန္က အတည္ျပဳေျပာပါတယ္။

“ ျပည္သူေတြက အိမ္မျပန္ေတာ့ဘဲ ရဲစခန္းေရွ႕မွာ ဖေယာင္းတိုင္ ေတြ ထြန္းၿပီး ေစာင့္ ေနၾကတာ။

ဒီည (၇) နာရီေလာက္ မွာပဲ အားလုံးကို လႊတ္ေပး လိုက္တယ္။ “ လို႔ ကိုသူရိန္က ေျပာပါတယ္။

ဆႏၵျပပြဲမွာ ပါဝင္ခဲ့ၿပီး ဖမ္းဆီး ခံရသူ စုစုေပါင္း (၁၄) ဦးကို ျပန္လႊတ္ေပးခဲ့တယ္ လို႔လည္း ျမဝတီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇေအာင္ကလည္း ေျပာပါတယ္။

ဒီကေန႔ ေနလယ္ပိုင္းက ျမဝတီၿမိဳ႕ မွာ စစ္အာဏာ သိမ္းမႈကို အလိုမရွိေၾကာင္း ျပည္သူအင္အား (၃၀၀) ေက်ာ္ ဆႏၵထုတ္ေဖာ္ခဲ့ရာမွာ ရဲတပ္ဖြဲ႕က ေရာ္ဘာက်ည္နဲ႔ ပစ္ေဖာက္ၿဖိဳခြင္းခဲ့ရာမွာလူတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕ရဲ႕ ေသနတ္ ေဖာက္သံေၾကာင့္ DKBA တပ္ဖြဲ႕ ေရာက္ရွိလာခဲ့ၿပီး မပစ္ေဖာက္ဖို႔ သတိေပးၿပီး ျပန္သြားခဲ့တယ္လို႔လည္း သိရပါတယ္။

ေန႔လယ္ (၁၂) နာရီေလာက္က စတင္ ခဲ့တဲ့ အဆိုပါ ဆႏၵျပပြဲမွာ လူအင္အား (၃၀၀) ေက်ာ္ေလာက္ပါဝင္ခဲ့ၿပီး ေန႔လယ္ (၁) နာရီခြဲဝန္းက်င္မွာ ၿပီးဆုံးသြားခဲ့တယ္လို႔လည္း သိရပါတယ္။