လူငါးဦးထက် ပိုမို စုဝေးခြင်း မပြုရန် နှင့် ည ၈ နာရီ မှ နံနက် ၄ နာရီ အတွင်း ညမထွက်ရန် ဒေသန္တ အမိန့်များ ထုတ်ပြန်

မုံရွာမြို့နယ်အတွင်း လူငါးဦးထက်ပို၍ မြို့တွင်းလမ်းမကြီးများနှင့် လမ်းသွယ်များအပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင်စုဝေးခြင်းမပြုကြရန်နှင့်

ည ၈နာရီမှ နံနက် ၄ နာရီအတွင်း မထွက်ရန် ပုဒ်မ ၁၄၄ ဒေသန္တရအမိန့် ယနေ့ထုတ်ပြန်သည်။ လူတစ်ချို့သည် အများပြည်သူ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်စိုးရိမ်ဖွယ်အပြုအမူများကို ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်စာတွင် ပါရှိသည်။

“တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီ ရဲ့ လမ်းညွှန်ချက်နဲ့အညီထုတ်ပြန်ရတာပါ။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုမှာ ထုတ်ပြန်တာပါ။အများပြည်သူတွေရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်မှာစိုးလို့ အခုလိုထုတ်ပြန်တာပါ” ဟုမုံရွာမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူကပြောသည် ။

ပုဒ်မ ၁၄၄ ထုတ်ပြန်သော နောက်ထပ်မြို့နယ်များအမည်စာရင်းကိုမူ စုံစမ်း မရသေးပေ။

အမိန့်အာဏာတည်ရက်ကို အကန့်အသက်မရှိထားရှိပြီး နောက်ထပ် အမိန့်မထုတ်မပြန်မချင်း အတည်ဖြစ်ကြောင်း ကြေညာထားသည်။