မန္တလေးမြို့ ကဆရာ ၊ဆရာမတွေ နဲ့ အတူ လှုပ်ရှားမှုမှာ ပါဝင် အားဖြည့်ရင်း ပြည်သူ လူထုဘက်က‌နေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေး ခဲ့ တဲ့ မအေးသောင်း

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ပြည်သူ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း လှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်…..။ အခုလိုပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပူးပေါင်းပါဝင်ကြတဲ့အနုပညာရှင်တွေအပြင် တတ်နိုင်တဲ့ ဘက် ကနေလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ကူညီအားဖြည့်မှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိကြတာလည်းကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်။

မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူနဲ့အတူရပ်တည်ပေးတဲ့အနုပညာရှင်တွေထဲမှာဆိုရင်လည်း မအေးသောင်းတစ်ယောက်ပါ‌ဝင်လာတာကိုတွေ့ရပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မအေးသောင်းဟာဆိုရင်လည်း လတ်တလောမှာမန္တလေးကိုရောက်ရှိနေတာဖြစ်တဲ့ အတွက် မန္တလေးကဆရာ ဆရာမတွေနဲ့အတူ ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်နော်။

မအေးသောင်းဟာ ဒီအကြောင်းအရာ‌လေးကိုမကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ “မန္တလေးမြို့မှ ဆရာ / ဆရာမများနဲ့အတူ 💪💪💪💪အရမ်းလေးစားပါတယ်……” ဆိုပြီးရေးသားကာ ပုံရိပ်တွေကိုမျှဝေလာခဲ့ပါတယ်။ အခုလိုပြည်သူလုထုနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပေးနေတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit- Aye Thaung’s Facebook acc