နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို နှောင့်ယှက် တာတွေ ဥပဒေ အရ အ ရေး ယူ ရ မယ် လို့ တပ် ထုတ် ပြန်

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်၊ တားဆီးတဲ့ ကျူးလွန်မှုတွေကို ဟန့်တားနိုင်ဖို့ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမယ်လို့ တစ်နိုင်ငံလုံးက စစ်အစိုးရ ဆန့်ကျင်ရေး အရှိန်အဟုန်မြှင့် ဆန္ဒပြကြတဲ့ ဒီနေ့မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။

ဒီမိုကရေစီလူ့အခွင့်အရေးကို အကြောင်းပြပြီး အုပ်စုဖွဲ့အ တင်းအကြပ်ပြုတာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်တာ တွေ့ရပြီး စည်းကမ်းမရှိရင် ဒီမိုကရေစီပျက်စီးနိုင်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်တဲ့ အနိုင်ရပါတီကို အစိုး ရဖွဲ့ခွင့်မပေးဘဲ တပ်မတော်က အာဏာသိမ်း လိုက်တာဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုအရ အကျုံးဝင်ပြီး ဒီလို ဆောင်ရွက်တာကို ပြည်သူလူထုက လက်မခံဘဲ ဆန္ဒပြနေတာဟာ တရားသဖြင့်ဆောင်ရွက်တာဖြစ်တယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်ဘောင်အတွင်းက ဆောင်ရွက်တာဖြစ်လို့ ပြည်သူတွေ ရဲ့ လုပ်ဆောင်ချက်ဟာ တရားဝင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကပြောပါတယ်။

တရားမျှတပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ လုံခြုံမှုကို လိုလားတဲ့ ပြည်သူတွေအနေနဲ့ ဥပဒေမဲ့ ကျူးလွန်သူတွေကို လက်မခံဘဲ နိုင်ငံနဲ့လူမျိုးအတွက် ပူးပေါင်းပြီး တားဆီးဖယ်ရှာပေးဖို့ တပ်မတော်က ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီမိုကရေစီစနစ်အရ လူတိုင်းလွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ နေထိုင်ခွင့်ရှိပြီး သူတစ်ပါးကို မထိခိုက်စေဖို့နဲ့ မိမိနဲ့ သဘောထားအယူအဆ မတူသူတွေကိုလည်း ကွဲလွဲခွင့်ပေးရမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီနေ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော် စတဲ့ မြို့ကြီးတွေက ဆန္ဒပြပွဲတွေထဲမှာ ရှေ့နေတွေလည်း ပါဝင်ဆန္ဒပြကြပါတယ်။

Photo- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

zawgyi

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ျပည္သူေတြ ေဘးကင္းလုံၿခဳံေရး အတြက္ တရားဥပေဒစိုးမိုးေရးကို ေႏွာင့္ယွက္၊ တားဆီးတဲ့ က်ဴးလြန္မႈေတြကို ဟန႔္တားႏိုင္ဖို႔ ဥပေဒနဲ႔အညီ အေရးယူ ေဆာင္႐ြက္ရမယ္လို႔ တစ္ႏိုင္ငံလုံးက စစ္အစိုးရ ဆန႔္က်င္ေရး အရွိန္အဟုန္ျမႇင့္ ဆႏၵျပၾကတဲ့ ဒီေန႔မွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေၾကညာခ်က္ထုတ္လိုက္ပါတယ္။

ဒီမိုကေရစီလူ႔အခြင့္အေရးကို အေၾကာင္းျပၿပီး အုပ္စုဖြဲ႕အ တင္းအၾကပ္ျပဳတာ၊ ေႏွာင့္ယွက္တာ၊ ၿခိမ္းေျခာက္တာေတြ ျပဳလုပ္တာ ေတြ႕ရၿပီး စည္းကမ္းမရွိရင္ ဒီမိုကေရစီပ်က္စီးႏိုင္တယ္လို႔ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအရ ေပၚေပါက္တဲ့ အႏိုင္ရပါတီကို အစိုး ရဖြဲ႕ခြင့္မေပးဘဲ တပ္မေတာ္က အာဏာသိမ္း လိုက္တာဟာ ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္ ပုန္ကန္မႈအရ အက်ဳံးဝင္ၿပီး ဒီလို ေဆာင္႐ြက္တာကို ျပည္သူလူထုက လက္မခံဘဲ ဆႏၵျပေနတာဟာ တရားသျဖင့္ေဆာင္႐ြက္တာျဖစ္တယ္၊ လြတ္လပ္စြာ ေျပာဆိုခြင့္ေဘာင္အတြင္းက ေဆာင္႐ြက္တာျဖစ္လို႔ ျပည္သူေတြ ရဲ႕ လုပ္ေဆာင္ခ်က္ဟာ တရားဝင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္း ကေျပာပါတယ္။

တရားမွ်တၿပီး လြတ္လပ္မႈ၊ တန္းတူညီမွ်မႈနဲ႔ လုံၿခဳံမႈကို လိုလားတဲ့ ျပည္သူေတြအေနနဲ႔ ဥပေဒမဲ့ က်ဴးလြန္သူေတြကို လက္မခံဘဲ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ ပူးေပါင္းၿပီး တားဆီးဖယ္ရွာေပးဖို႔ တပ္မေတာ္က ေၾကညာခ်က္ထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

ဒီမိုကေရစီစနစ္အရ လူတိုင္းလြတ္လပ္စြာေျပာဆိုခြင့္၊ လုပ္ကိုင္ေဆာင္႐ြက္ခြင့္နဲ႔ ေနထိုင္ခြင့္ရွိၿပီး သူတစ္ပါးကို မထိခိုက္ေစဖို႔နဲ႔ မိမိနဲ႔ သေဘာထားအယူအဆ မတူသူေတြကိုလည္း ကြဲလြဲခြင့္ေပးရမယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဒီေန႔ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ေနျပည္ေတာ္ စတဲ့ ၿမိဳ႕ႀကီးေတြက ဆႏၵျပပြဲေတြထဲမွာ ေရွ႕ေနေတြလည္း ပါဝင္ဆႏၵျပၾကပါတယ္။

Photo- တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕